Home သတင်း စစ်ရေး မောင်တောမြို့ တမန်းသားကျေးရွာက ပျောက်ဆုံးနေသူ ဒေသခံ ၅ ဦးထဲက ၂ ဦးကို သေဆုံးလျှက်တွေ့ရှိ

မောင်တောမြို့ တမန်းသားကျေးရွာက ပျောက်ဆုံးနေသူ ဒေသခံ ၅ ဦးထဲက ၂ ဦးကို သေဆုံးလျှက်တွေ့ရှိ

15
0

Coastal News Agency

ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်တောမြို့၊မြောက်ပိုင်း တမန်းသားကျေးရွာကနေ ပျောက်ဆုံးသွားတဲ့ ဒေသခံ ၅ ဦးထဲက ၂ ဦးရဲ့ အလောင်းကို အင်းချောင်းကျေးရွာအနီးမှာ သေဆုံးနေတာကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေက ရှာဖွယ်တွေ့ ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးပြီးတော့ ရှာဖွယ်တွေ့ရှိခဲ့တဲ့သူတွေက တော့ တမန်းသားကျေးရွာက မအေးစန္ဒာနွယ်၊ကိုမောင်မောင်လှိုင် တို့ဖြစ်ကြပါတယ်။

အဲဒီဒေသခံတွေဟာ တမန်းသားကျေးရွာကနေ အင်းချောင်းကျေးရွာကို သွားရောက်ကာအလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေမှာ သူတို့ ၂ ဦးကို သတ်ဖြတ်ခံရကြောင်းကို အင်းချောင်းကျေးရွာကဒေသခံတွေက အကြောင်းကြားလာခဲ့တာ ဖြစ်တယ်လို့ တမန်းသားကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။

“ဘာဖြစ်လို့ အသတ်ခံရတာတော့ မသိဘူး အဲဒီက အကြောင်းကြားလာတဲ့ အ ခါ မှဘဲ မိသားစုတွေကသိတာ ။ သူတို့က အဲဒီမှာ စိုက်ခင်းတွေလည်းလုပ်တယ်။သူတို့ နှစ်ယောက်ကတော့ ဆွေးမျိုးတွေတော့ မဟုတ်ဘူး တစ်ရွာတည်း သားတွေ ဖြစ်တယ်။အကြောင်းအရင်းအစုံကိုတော့ ဘာမှ မသိရသေးဘူး”လို့ သူကပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာ အတွင်းက နောက်ထပ် ဒေသခံ ၃ ဦးဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် မောင်အေးလှိုင်၊ အသက် ၄၂ နှစ် အရွယ် မောင်စိုးလှိုင် နဲ့ မောင်ကျန်သိန်းတို့ ဟာလည်း တမန်းသားကျေးရွာကနေ အင်းချောင်းကျေးရွာကို သွားရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တာ ရှိပြီးတော့ လက်ရှိ အချိန်ထိ အဲဒီ ၃ ဦးကိုလည်း ရှာဖွယ်လို့ မတွေ့ရှိသေးဘူးလို့လည်းဆိုပါတယ်။

အခုလို လူတွေ သေဆုံးပျောက်ဆုံးမှု ရှိနေတာ နဲ့ ပတ်က်ပြီး မောင်တော ဒေ သခံ တစ်ဦးပြောပြတာက“အဲဒီနေရာက ဒီမွတ်ဆလင် လက်နက်ကိုင် အ ကြမ်းဖက် အာဆာအဖွဲ့တွေ ခဏခဏလှုပ်ရှားတဲ့ နေရာ တစ်ခုဖြစ်တယ်။ကျနော် အထက်ပြောရရင်တော့ ဒီကိစ္စက အာဆာအဖွဲ့ ရဲ့ လက်ချက်လို့ ပြောချင်တယ်။ဒီနေရာတွေမှာက ဒီကောင်တွေက မကြာခဏ အခလို လူသတ် ဓါးပြတိုက် လုယက်တာတွေကို လုပ်နေတဲ့ နေရာတွေဖြစ်တယ်”လို့သူကသုံးသပ်ပြော ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အင်းချောင်းကျေးရွာအနီးမှာ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ အာဆာ အဖွဲ့က အာရက္ခတပ်တော်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ အတွက် အဲဒီ အနီးတဝိုက်မှာ တိုက် ပွဲတွေ ဖြစ်ပွါးခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အာဆာ အဖွဲ့ တွေဟာဘူးသီးတောင်၊မောင်တော ဒေသမှာ အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ဖမ်း ဆီးတာ၊လုယက်တာတွေကို အရင်ကတည်းကပင် ဆက်တိုက်ကျူးလွန်တာတွေလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here