Home သတင်း စစ်ရေး စစ်ကော်မရှင်တပ်သား ၂ ဦးသေပြီး ၂ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းတ ချို့သိမ်းဆည်းရမိခဲ့တယ်လို့ K.N.L.Aထုတ်ပြန်

စစ်ကော်မရှင်တပ်သား ၂ ဦးသေပြီး ၂ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းတ ချို့သိမ်းဆည်းရမိခဲ့တယ်လို့ K.N.L.Aထုတ်ပြန်

157
0
‎ဓာတ်ပုံ- K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏လက်နက်ခဲယမ်းများ။

Coastal News Agency

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ် တွေ နဲ့ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် K.N.L.A, ဦးဆောင် တော် လှန်ရေး ပူးပေါင်းတပ်တွေ နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

‎ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ ကျေးရွာအနီး မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီးတော့ ၂ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံး၊ ကျည်ဆံ(၁၀၀)လုံး၊ ကျည်ဘောင်(၄)ခုကိုလည်း KN LA ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here