အာရက္ခတပ်တော်ရဲ့ ဒုတပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦးကို တိုက်ပွဲအတွင်းကနေပြီးတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက် အာဆာအဖွဲ့ က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရုပ်သံ နဲ့ တကွသတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအကြမ်းဖက် အာဆာအဖွဲ့ ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့သူကတော့ မင်းပြားမြို့နယ် သံထောင်ကျေးရွာ က အဘ ဦးမောင်ကျော်နု ရဲ့ သား ကိုယ်ပိုင်နံပတ် ၂၃၈၅၅ မောင်သန်းအောင် ဒုတပ်ရင်းမှူးအဆင့်ရှိသူ ဖြစ်တယ်လို့ အကြမ်း ဖက် အာဆာအဖွဲ့ ရဲ့ ထုတ်ပြန်ချက် ရုပ်သံမှာ ဖော်ပြထားပါတယ်။
အဲဒီ အာဆာအဖွဲ့ဆီမှာ ဖမ်းဆီးခံထားရတဲ့ သူ မောင်သန်းအောင် ရဲ့ ထွက်ဆိုချက်အရ သူဟာ အာရက္ခတပ်တော်ဆီမှာ ဒုတပ်ရင်းမှူးအဆင့် အနေ နဲ့ ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က မောင်တောမြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ အာဆာဆီမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အဲဒီ အကြမ်းဖက်အာဆာ အဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူက ထွက်ဆိုထားပါတယ်။
“ကျနော့် ဇာတိကတော့ သံထောင်ကျေးရွာ မင်းပြားမြို့ကပါ အေအေ ဆီကိုရောက်တာ ၄ နှစ်ရှိပါပြီ ဘူးသီးတောင်မှာ တစ်နှစ် မောင်တောမြောက်ပိုင်း မှာ ၃ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကျနော့် ကိုယ်ပိုင်နံပတ် ၂၃၈၅၅ ပါ ဒေါင်းညိုစခန်းမှာ ဒုတပ်ရင်းမှူးအဆင့် နဲ့ တာဝန်ထမ်းဆောင်နေပါတယ်”လို့သူကထွက်ဆိုထားပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက်အာဆာ အဖွဲ့က ဒေါင်းညိုစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အာရက္ခတပ်တော် တပ်ဖွဲ့ဝင် တချို့ဟာလည်း သေဆုံးခဲ့ရပြီးတော့ သူ့ အနေ နဲ့လည်း အကြမ်းဖက်အာဆာအဖွဲ့ ဆီမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သူက ဆိုထားပါတယ်။
ဒီအကြမ်းဖက်အာဆာဆီမှာ ဖမ်းဆီးခံထားရသူဟာ အာရက္ခတပ်တော် တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာကိုသိရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA အနေ နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခဲ့တာတော့ မရှိခဲ့ပါဘူး။
အကြမ်းဖက်အာဆာ အဖွဲ့တွေဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားပြီးဖြစ်တဲ့ ဘူးသီးတောင် မောင်တောဒေသတွေမှာ အာရက္ခတပ်တော်ကို တိုက်ခိုက်တာ ၊ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊လုယက်တာတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက် အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။




I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.