Home သတင်း စစ်ရေး အာရက္ခတပ်တော် တပ်မှူးချုပ် အနေ နဲ့ မွေးရပ်ဇာတိ ရခိုင်မြေကို ပြန်ဖို့ နှစ်ချီပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်လို့ဆို

အာရက္ခတပ်တော် တပ်မှူးချုပ် အနေ နဲ့ မွေးရပ်ဇာတိ ရခိုင်မြေကို ပြန်ဖို့ နှစ်ချီပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်လို့ဆို

69
0
ပုံ-ရခိုင်ဒေသခံများ နဲ့ တွေ့ဆုံခဲ့တဲ့ အာရက္ခတပ်တော် တပ်မှူးချုပ်မြင်တွေ့ရမှု

Coastal News Agency

ရက္ခိုင်အမျိုးသားအဖွဲ့အချုပ် ဥက္ကဌလည်းဖြစ် အာရက္ခတပ်တော် ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေ နဲ့ မွေးရပ်ဇာတိမြေကို ပြန်နိုင်ဖို့ အတွက် အထူးတပ်ဖွဲ့တွေကို နှစ်ချီပြီးတော့မှ ကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ ဧရာဝတီသတင်းဌာန နဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့ရတာဟာ ၁၉၇၀ ကျော်ကနေ ရခိုင်တော်လှန်ရေး ခေါင်း ဆောင်တွေဟာ လမ်းခရီးမှာဘဲ ကျရှုံးခဲ့ကြရတာတွေ ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိခဲ့တဲ့ အတွက် မွေးရပ်ဇာတိမြေကို ပြန်လာဖို့ အများကြီးပြင်ဆင် ခဲ့ရတယ်လို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်မြတ်နိုင်က ပြောဆိုထားပါတယ်။

“ဒီခရီးစဥ် မတိုင်ခင် ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပေါ့ ပြောရမယ်ဆိုရင် ဒီအထူးတပ်ဖွဲ့တွေကို နှစ်ချီပြီးတော့မှ ကြိုတင်ပြင်ဆင်လေ့ကျင့် တာတွေပေါ့။ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ၁၉၇၀ ကျော်ကနေ ရခိုင်တော်လှန်ရေး ခေါင်းဆောင် တွေက ဒီလမ်းခရီးမှာဘဲ ကျရှုံးခဲ့ကြတာတွေ ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိတယ်။ကျနော်တို့ အများကြီးပြင်ဆင်ခဲ့တယ်”လို့ ပြောပြထားပါတယ်။

လက်ရှိမှာတော့ သူ့အနေ နဲ့ မွေးရပ်ဇာတိ ရခိုင်မြေကို ပြန်လာခဲ့ရတဲ့ အတွေ့ အကြုံ နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို တော်လှန်ရေးကာလ မပြီးဆုံးသေးတာကြောင့် ထုတ်ဖော်ပြောပြတာကို မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်မြတ်နိုင် ဟာ ပြီးခဲ့တဲ့ မိုးတွင်းကာလ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ မှာ ရခိုင်မြေကို စတင်ကာ ပြန်လည်ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ထွန်မြတ်နိုင် အနေ နဲ့ မွေးရပ်ဇာတိမြေကို ခြေချတဲ့ အခါမှာ ပင်လယ်ပြင်ကနေ ဖြတ်လာတဲ့ လေပြေလေညှင်းလေးတွေ ရဲ့ အရသာ ကိုထိရခံစားရမှုဟာ ထူးခြားတဲ့ ဖြစ်စဥ်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ ဗိုလ်ချုပ်ထွန်မြတ်နိုင် အနေ နဲ့ မွေးရပ်ဇာတိမြေကိုခြေချခဲ့တဲ့ ကာလဟာ ရခိုင်ပြည်သူတွေ အနေ နဲ့ အခက်ခဲဆုံးကာလ တစ်ခုဖြစ်သလို တိုက်ပွဲအပြင်းထန်ဆုံးကာလတစ်ခုလည်း ဖြစ်နေခဲ့တာပါ။

အဲဒီလို အခက်ခဲဆုံးကာလ မှာ သူ့အနေ နဲ့ ပြည်သူတွေ ရဲဘော်တွေ နဲ့ ထပ်တူ အခက်ခဲဆုံးကာလတွေကို တမြေတည်း တမိုးတည်းအောက်မှာ အခက်ခဲဆုံး အခြေအနေတွေကို ထပ်တူခံစားကာ ရုန်းကန်မယ်ဆိုပြီးတော့ ဝင်ရောက်လာခဲ့တာလို့ ဆိုထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်မြတ်နိုင် အနေ နဲ့ ဒီအချိန်ဒီကာလမှာ မွေးရပ်ဇာတိမြေကိုပြန်လည်လာရောက်ခဲ့တာဟာလည်း သမိုင်း တရပ်အတွက်ခြေလှမ်းတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here