Home သတင်း စစ်ရေး ရခိုင်တွေ ရဲ့ မွေးရာပါ အိမ်မက် ၊ အေအေ ရဲ့ စစ်ရေးရည်မှန်းချက် တွေကို ခြွင်းချက်မရှိရနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လိုဆို့

ရခိုင်တွေ ရဲ့ မွေးရာပါ အိမ်မက် ၊ အေအေ ရဲ့ စစ်ရေးရည်မှန်းချက် တွေကို ခြွင်းချက်မရှိရနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လိုဆို့

112
0

Coastal News Agency

ရခိုင်လူမျိုးတွေ ရဲ့ မွေးရာပါ အိမ်မက်၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ဒေသတစ်ခုလုံးကို ခြွင်းချက်မရှိပြန်လည် ရရှိနိုင်ရေးအတွက် ULA/AA အနေ နဲ့ အစွမ်းကုန်ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်က ပြည်သူတွေကို ထပ်မံ ကတိပေးပြောဆိုလာခဲ့ပါတယ်။

ဒီပြောဆိုမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ထပ်မံထည့်သွင်းကာ ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

“ရခိုင်ပြည်သူတစ်ရပ်လုံး၏ မွေးရာပါအိမ်မက်ဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၏ စစ်ရေးရည်မှန်းချက်လည်းဖြစ်သော အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူလူထုတို့၏ လက်ထဲသို့ခြွင်းချက်မရှိရောက်ရှိစေရေး အတွက် မိမိတို့ (ULA/AA) သည်အစွမ်းကုန်ကြိုးစားလျှက်ရှိပါသည်”လို့ထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနိုဝင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ပလက်ဝဒေသ အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခု အထိကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သလို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်ဟာ သူတို့ အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးဆိုတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းပြီးတော့ ပြည်သူ့ဝန်ဆောင်မှု နဲ့ ပြည်သူ့လုံခြုံရေး ကိစ္စတွေကို ဆောင်ရွက် ပေးတာတွေကို လုပ်ဆောင်ပေးနေတာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

တဖက်မှာ အာရက္ခတပ်တော်ဟာ ရခိုရိုးမအစပ်မှာရှိတဲ့ စစ်ကော်မရှင်တပ်တွေ ရဲ့ တစ်စခန်းတွေဖြစ်တဲ့ ရခိုင်အစပ် နဲ့ ပဲခူးတိုင်းအစပ်၊ရခိုင်အစပ်နဲ့ မကွေးတိုင်းအစပ် ၊ရခိုင်အစပ် နဲ့ ဧရာဝတီတိုင်းအစပ်က စစ်ကော်မရှင်တပ်စခန်း တချို့ကိုလည်း အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလို့ နယ်စပ်ဒေသမှာ စစ်ကော်မရှင်တပ်စခန်းတွေကို သိမ်းယူထားတဲ့ အာရက္ခတပ်တော်ကို စစ်ကော်မရှင်တပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် နယ်စပ်ဒေသတွေမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ နေ့တိုင်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးတာ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here