Home နိုင်ငံရေး ဘူးသီတောင် နဲ့ မောင်တောက မွတ်ဆလင်ခေါင်းတွေ နဲ့ အေအေ စစ်ဦးစီချုပ်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်မရှင်ကလည်း စစ်တွေမှာရှိတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေကို ခေါ်ယူကာ တွေ့ဆုံမှု...

ဘူးသီတောင် နဲ့ မောင်တောက မွတ်ဆလင်ခေါင်းတွေ နဲ့ အေအေ စစ်ဦးစီချုပ်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်မရှင်ကလည်း စစ်တွေမှာရှိတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေကို ခေါ်ယူကာ တွေ့ဆုံမှု ပြုလုပ်

47
0

Coastal News Agency

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်က သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ အတွင်းမှာရှိတဲ့ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံမှု လုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က တွေ့ဆုံမှု မလုပ်ခင်မှာ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဩဂုတ်လ ၃၀ ရက်နေ့မှာ ဘူးသီးတောင်၊မောင်တော ဒေသမှာ ရှိတဲ့ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေ၊လူမှု အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၂ ရက်နေ့မှာ နှစ်ပေါင်း ၁၃ နှစ်ကြာ မြန်မာစစ်တပ်က ပိတ်သိမ်းထားခဲ့တဲ့ မောင်တော မြို့မဂျာမေဗလီကြီးကို အာရက္ခတပ်တော် စစ်ဦးစီချုပ် အမိန့် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အဖွဲ့က မြို့မဂျာမေဗလီကြီး ပြန်လည်ဖွင့်လှစ်ပေးတာကို လုပ်ဆောင်ပေးခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးထိန်လင်း နဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကလည်း သူတို့ထိန်းချုပ်မှု အောက်မှာ ရှိနေဆဲဖြစ်တဲ့ စစ်တွေမြို့နယ် အတွင်းက မွတ်ဆလင်ခေါင်းဆောင်တွေကို စစ်တွေမြို့၊ မှန်စီကျေးရွာမှာရှိတဲ့ စီမံခန့်ခွဲမှု အဖွဲ့ရုံးကို ခေါ်ယူကာ တွေဆုံဆွေးနွေးတာကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံခဲ့တဲ့ နေရာမှာလည်း စစ်ကော်မရှင် အနေ နဲ့ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေ အနေ နဲ့ ရပ်ရွာအတွင်းမှာနေထိုင်နေကြတဲ့သူတွေကို ကောင်းရာကောင်းကျိုးကိစ္စအဝဝကို ဆုံးမသွန်သင်ပေးဖို့ နဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကိစ္စရပ်တွေကို ပူးပေါင်းပါဝင်ကြဖို့ကို မှာကြားကာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ စစ်တွေမြို့နယ် အတွင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ စစ်ကော်မရှင်တပ်တွေ ရဲ့ စစ်မှုထမ်းအတင်းဖမ်းဆီးခေါ်ယူစုဆောင်းတာကို ခံနေကြရသလို စားဝတ်နေရေး အခက်အခဲ များစွာကိုလည်း ရင်ဆိုင်နေကြရတယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here