မောင်တောမြို့နယ် အတွင်းက အာရက္ခတပ်တော် စခန်းတစ်ခုကို အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးတော့ စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆက်နိုင်ခဲ့တယ်လို့ ARSA အဖွဲ့ကဒီနေ့မှာ ထပ်မံ သတင်းထုတ်ပြန်လာပါတယ်။
အာရက္ခတပ်တော် နဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့တွေဟာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာတော့ အာရက္ခတပ်တော် စခန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီးတော့ သူတို့ အနေ နဲ့ ဒီလိုလုပ်ဆောင်နိုင်ခဲ့တာဟာ သမိုင်းဝင်အောင်ပွဲကြီးတစ်ခုလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
အာရက္ခတပ်တော် ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်တောဒေသမှာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA တပ်ဖွဲ့တွေဟာ အာရက္ခတပ်တော် ရဲ့ တပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် နယ်စပ်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေတာတွေ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ဒီနေ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA က အာရက္ခတပ်တော် ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ကာ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန် နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်က တော့ တစုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာမျိုးကိုတော့ မတွေ့ရသေးပါဘူး။
အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်းက အာရက္ခတပ်တော် စခန်းတခုကို ဝင်ရောက်တိုက်တာလုပ်ဆောင်ခဲ့ပြီးတော့ အဲဒီ တိုက်ပွဲ အတွင်းကလည်း အာရက္ခတပ်တော်ဖွဲ့ဝင်တချို့ကို ဖမ်း ဆီးရမိခဲ့တာ ရှိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာလည်း ရှိပါတယ်။
အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ တွေဟာ နယ်စပ်ဒေသတွေမှာ အာရက္ခတပ်တော် နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးနေတဲ့ ပုံစံပုံဖော်က မီဒီယာတွေမှာ ဝါဒဖြန့်လှုံ့ဆော်တာတွေကိုလုပ် ဆောင်နေတာတွေ ရှိနေသလို တောတောင်ထဲ၊လူသွားလူလာပြတ်တဲ့ မွတ်ဆလင်လူမျိုးမဟုတ်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ အာရက္ခတပ်တော်ရဲ့ ယူနီ ဖောင်းတွေကိုလဲလှယ်ပြီးတော့ တိုက်ပွဲအတွင်းမှာ သူတို့ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ ပုံစံ နဲ့ မှားရိုက်လှည့်စားကာ လုပ်ကြံဖန်တီးပြီးတော့ ဆိုရှယ်မီဒီယာတွေမှာချပြနေတာတွေလည်း ရှိနေတယ်လို့ အာရက္ခတပ်တော် ထုတ်ပြန်ပြောဆိုခဲ့တာလည်း ရှိပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် အနေ နဲ့ နယ်စပ်တလျှောက်စိမ့်ဝင်ပြီးတော့ ရခိုင်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ARSA၊RSO လက်နက်ကိုင် အဖွဲ့တွေရဲ့ ကာကွယ်တိုက်ဖျက်ရေးကို အထူးတိုးမြှင့် လုပ်ဆောင်မယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။
ရုပ်သံ – ARSA