Home သတင်း စစ်ရေး ရခိုင်မှာ ဂျီနိုဆိုက် လုပ်ခံနေရတာ မွတ်ဆလင် မဟုတ်တဲ့ မျိုးနွယ်စုတွေသာ ခံနေရတာလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆို

ရခိုင်မှာ ဂျီနိုဆိုက် လုပ်ခံနေရတာ မွတ်ဆလင် မဟုတ်တဲ့ မျိုးနွယ်စုတွေသာ ခံနေရတာလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆို

47
0

Coastal News Agency

ရခိုင်က ဘူးသီးတောင် နဲ့ မောင်တောဒေသတွေမှာ လူမျိုးတုံးသတ်ဖြတ်ခံရမှု ဂျီနိုဆိုက် လုပ်ခံနေရတာ မွတ်ဆလင် မဟုတ်တဲ့ မျိုးနွယ်စုတွေသာ ခံနေရတာလို့ အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုမှုကို အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝ တီသတင်းဌာန နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

နိုင်ငံတကာ Narrative အရ ရခိုင်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေဟာ လူမျိုးတုံးသတ်ဖြတ်ခံရမှု ဂျီနိုဆိုက် လုပ်ခံနေရတဲ့ သားကောင်တွေပါလို့ဆိုတဲ့ ပြောဆိုရေးသားမှုတွေဟာ အရမ်းမိုးခံနေရပြီးတော့ မြေပြင်မှာတော့ ဒီလို လူမျိုးတုံးသတ်ဖြတ်ခံရမှု ဂျီနိုဆိုက် လုပ်ခံနေရတာဟာ မွတ်ဆလင် မဟုတ်တဲ့ မျိုးနွယ်စုတွေသာ ခံနေရတာလို့ အခုလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော်တို့က နိုင်ငံတကာကမီဒီယာတွေမှာလည်း တစ်ဖက်သတ် ပုံဖော်ခံရတဲ့ဟာတွေများပါတယ်။ ရခိုင်ဒေသမှာ နိုင်ငံတကာ Narrative အရပေါ့လေ။ ဒီမွတ်လဆင် အသိုင်းအဝိုင်းက လူမျိုးတုံးသတ်ဖြတ်မှု ( Genocide)ခံရတဲ့ သားကောင်တွေပါဆိုတာက အရမ်းလွမ်းမိုးတယ်။တကယ် ဘူးသီးတောင်မောင်တော ဒေမှာ လူမျိုးတုံးသတ်ဖြတ်မှု ( Genocide) ခံရတာက Non-Muslim တွေက များပါတယ် ဒါက တကယ်အရှိတရားဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသွားခဲ့ပါတယ်။

Non-Muslim ဆိုတာက မွတ်ဆလင်မဟုတ်တဲ့ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ ၊ ဗုဒ္ဓဘာသာ နဲ့ ဘာသာမရှိတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်ကြတဲ့ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို နဲ့ သက် တို့ ဖြစ်ကြပါတယ်။

လက်ရှိမှာ အဲဒီမျိုးနွယ်စုတွေဟာ အကြမ်းဖက်လက်နက်ကိုင်တွေ ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို စိုးရိမ်တာကြောင့် ဒေသတွင်းကနေပြီးတော့ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အတွက် လက်ရှိဒေသတွင်းနေထိုင်မှု လူးဦးရေဟာ ၄ ရာ ခိုင်နှုန်းလောက်သာ ကျန်ရှိတော့တာလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ရှင်းပြထားပါတယ်။

“အခုက ၄ ရာခိုင်နူန်းလောက်ပဲရှိတော့တယ်။အရင်တုန်းက ၁၀ ရာခိုင်နူန်းလောက်ရှိတယ် အခုက တဖြည်းဖြည်း လုံးပါးပါးပြီးတော့မှ မနေရဲတော့ဘူး ထွက်ပြေးသွားကြတယ် တချို့ဆိုရင်လည်း အသတ်ခံရတယ် ဥပမာဆိုရင် ဒီရက် ပိုင်းမှာ စစ်သွေးကြွတွေကို ဘင်္ဂလာအာဏာပိုင်တွေက အစည်းအဝေးခေါ်တယ် မင်းတို့ ရှိတာနဲ့ဝင်ကိုဝင်ရမယ် အဲလိုဖိအားပေးပြီးမှ အတင်းသွင်းတာ။ မနေ့ညကဆိုရင် တိုက်ပွဲဖြစ်တယ်။အခုလည်းဖြစ်နေတုန်းပဲ နယ်စပ်မှာ သူတို့ဝင်လာပြီဆိုတာနဲ့ သူတို့က သတ်လိုက်ပြီ “လို့ ဆိုပါတယ်။

အဲဒီလို သတ်ဖြတ်လိုက်ပြီးတော့ နောက်မှာတော့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေဟာ အဲဒီသေဆုံးသူဒေသခံပြည်တွေ ရဲ့ အလောင်းတွေကို အာရက္ခတပ်တော် ရဲ့ စစ်ယူနီဖောင်းဝတ်ဆင်တာ ဒါမှမဟုတ် အီကွေးမန့်တွေဝတ်ဆင်ပေးတာတွေကို လုပ်ဆောင်ပြီးတော့ အာရက္ခတပ်တော် နဲ့ တိုက်ပွဲဖြစ်ပြီးဆိုကာ မီဒီယာပေါ်မှာ တင်ကာ ဝါဒဖြန့်တာတွေကို လုပ်ဆောင်ကြတော့တာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here