မြေပြင်စစ်ရေးအခြေအနေတွေ အရ ဒီနေ့စက်တင်ဘာလ ၂၃ ရက်နေ့ကပင်စပြီးတော့ကရင်နီပြည်နယ် ၊ လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်း မကြီးကို ပြည်သူတွေ အနေ နဲ့ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ကို KNDF က သတိပေးထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဩဂုတ်လကပင်စတင်ပြီးတော့ ဒီးမော့ဆို ကနေ ဖရူဆိုမြို့သွားရာ လမ်းမကြီးတစ်လျှောက်ကို ထိုးစစ် ဆင် တိုက်ခိုက်လာတဲ့ အတွက် ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း စက်တင်ဘာလအတွင်းမှာ စစ်ကော်မရှင်ရဲ့ စစ်ယဉ်တန်းအချို့ဟာ ဖရူဆိုမြို့အတွင်းကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စက်တင် ဘာလ ၂၀ ရက်နေ့မှာ အဲဒီမှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းအချို့ကို ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်းပြီးတော့ ဘောလခဲလမ်းမကြီးဖက်ကို ဦးတည်ပြီးတော့ စစ်ရေးလှုပ်ရှားမှုများ ရှိလာတဲ့ အတွက် KNDF နဲ့ စစ်ကော်မရှင်တပ်တွေဟာလည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲတချို့ဖြစ်ပွါးတာ ရှိတယ်လို့လည်း ဆိုထားပါတယ်။
အဲဒါကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီး တွေ နဲ့ လမ်းသွယ်များအားလုံးကို ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၂၃) ရက်နေ့က စပြီးတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။