ရခိုင်ဒေသကို စနစ်တကျ နဲ့ တည်ဆောက်နိုင်ဖို့ အတွက် ဘယ်အဖွဲ့အစည်းကိုမှ ဘေးဖယ်ထားမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော် (အေအေ) တပ်မှူးချုပ် ဗိုလ် ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်း ဌာန နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။
“ရခိုင်ဒေသကို စနစ်တကျ နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်ရေးတွေတည် ဆောက်မယ် တိုးတက်ရေးတွေတည်ဆောက်မယ်ဆိုရင် ဘယ်လူ့အဖွဲ့အစည်းကိုမှ ဘေးဖယ်ထားလို့မရပါဘူး။ကျနော်တို့ ဖယ်ထားဖို့လည်း အစီအစဉ်မရှိပါဘူး။ဆိုတော့ ဒါက နိုင်ငံသားအခွင့်အရေးတွေကို ပြေရင်း နဲ့ လူတစ်ယောက်အနေ နဲ့ လည်းမြင်နိုင်ရမယ် နိုင်ငံသားတစ်ယောက်အနေ နဲ့လည်းမြင်ရမယ် ဒီဟာနှစ်ခုကို ထပ်တူကျအောင် ကျနော်တို့က ကြိုးစားယူသွားရမှာ ဖြစ်တယ်” လို့ အာရက္ခတပ်တော် (အေအေ) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော် အနေ နဲ့ မွတ်ဆလင်တွေကို အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးတွေမှာ တဖြေးဖြေး နဲ့ လေ့ကျင့်ပျိုးထောင်ပြီးတော့ လူအရင်းအမြစ်တွေကို ထည့်သွင်းလာတာတွေ ရှိသလို အုပ်ချုပ်ရေး သင် တန်းတွေနဲ့ ဥပဒေ သင်တန်းတွေကိုပါ လေ့ကျင့်ဆောင်ရွက်ပေးနေတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော် အနေ နဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်တွေထဲမှာထည့်သွင်းနိုင်ဖို့ အတွက်ကိုလည်း ယုံကြည်မှုပိုင်းဆိုရာ နဲ့ပတ်သက်ပြီးတော့ လက်တွေ့ကျတဲ့ သက်သေပြမှုတွေ နဲ့ ပိုပြီးမှ အပြန်အလှန်နားလည်မှုတွေကို တည်ဆောက်မှုတွေကိုလည်း လုပ်ဆောင်နေမှုတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် (အေအေ) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားပါတယ်။
“စစ်ရေးမှာက လောလောဆယ် အများကြီးမပါဘူးဆိုတာကလည်း တကယ်ဆိုရင် ကျနော်တို့ သူတို့ကိုထည့်ချင်တာပေါ့ သို့သော်လည်းပဲ စစ်ဘက်ဆိုင်ရာ လက်နက် ကိုင်ပြီးတော့ လုပ်ရတဲ့ အလုပ်တွေဆိုတော့လည်း ကျနော်တို့က ယုံ ကြည်မှုပိုင်းဆိုရာ နဲ့ပတ်သက်ပြီးတော့မှာ လက်တွေ့ကျတဲ့ သက်သေပြမှုတွေ ပိုပြီးမှာ အပြန်အလှန်နားလည်မှုတွေကို တည်ဆောက်ရဦးမှာဖြစ်တယ်။ ကျနော်တို့ စစ်တပ်မှာ ဘာလို့ အများကြီး မထည့်တာလည်းဆိုတော့ လက်နက်ယူပြီးတော့မှ ထွက်ပြေးတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့တယ်”လို့ဆိုပါတယ်။
အာရက္ခတပ်တော် အနေ နဲ့ တက်ကြွလှုပ်ရှားသူတွေလို့ အမည်ခံထားတဲ့ သူတချို့ပြောဆိုနေတဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေကိုလည်း လုပ်ဆောင်တာတွေ မရှိသလို သူတို့ဝင်မယ်ဆိုခဲ့ရင်တောင်မှ မွတ်ဆလင် အဖွဲ့အစည်းတွေရဲ့ ခေါင်း ဆောင်တွေထောက်ခံချက်တွေ နဲ့မှ သာ အာရက္ခတပ်တော်ထဲကို ဝင်ခွင့်ပြုတာတွေ ရှိတယ်လို့ လည်း ဆိုထားပါတယ်။