Home သတင်း စစ်ရေး ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေအနေ နဲ့ ရခိုင်ဒေသ နဲ့ ပတ်သက်ပြီး လိုသလို ပုံဖော် ပြောဆိုနေမှုတွေကို ရှုတ်ချတယ်လို့ မွတ်ဆလင်တွေပြောဆို

ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေအနေ နဲ့ ရခိုင်ဒေသ နဲ့ ပတ်သက်ပြီး လိုသလို ပုံဖော် ပြောဆိုနေမှုတွေကို ရှုတ်ချတယ်လို့ မွတ်ဆလင်တွေပြောဆို

94
1

Coastal News Agency

ပြည်ပကိုရောက်နေကြတဲ့ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ မွတ်ဆလင်အမည်ခံ နိုင်ငံရေးသမားတချို့ဟာ ရခိုင်အခြေအနေ တွေ နဲ့ ပတ်သက်ပြီး သူတို့လိုအပ်သလို ပုံဖော်ပြောဆိုနေမှုတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။

ပြည်ပကိုရောက်နေကြတဲ့ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေ၊မွတ်ဆလင်အမည်ခံနိုင်ငံရေးသမားတွေ နဲ့ မွတ်ဆလင်အမည်ခံ သတင်းမီဒီယာတချို့ဟာ ရခိုင်ဒေသမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က အကြမ်းဖက်မှုတွေ၊လူမျိုးတုံးသတ်ဖြတ်တာတွေ နဲ့ ခွဲခြားဆက်ဆံတာတွေလုပ်ဆောင်နေတယ်လို့ သူတို့ လိုသလိုပုံသွင်းကာ သတင်းမီဒီယာတွေကနေတဆင့် နည်းလမ်းအမျိုးမျိူး နဲ့ တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာတွေရှိနေကြပါတယ်။

အဲဒီလို ပြောဆိုနေမှုတွေဟာလည်း မြေပြင်အခြေအနေ နဲ့ ကိုက်ညီမှု မရှိဘဲ ဒီလို မဟုတ်မမှန် လိုသလိုစွပ်စွဲပြောဆိုနေမှုတွေကို မွတ်ဆလင် အသိုင်းအဝိုင်း အနေ နဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ မောင်တောခရိုင် မွတ်ဆလင် အုပ်ချုပ်ရေးအကြံပေး ဂျူရီလူကြီး ဘာဆဲရ်က အခုလိုပြောပါတယ်။

“ပြည်ပမှာတော့ အကျိုးကိုမျှော်ကိုးပြီးတော့ လုပ်နေကြတဲ့ နိုင်ငံရေးသမားတွေ ရှိနေကြပါတယ် သူတို့ကလည်း ပြည်တွင်းမှာ ဖြစ်နေတာတွေကို အမှန်အတိုင်း တခါမှ မတင်ဘူး ဥပမာ အားဖြင့် ပြောရမယ်ဆိုရင် မောင်တောမှာ ဒီမာမောက် ဆိုတဲ့ တစ်ယောက် နခခ (၅) က တပ်မမှူးသူရိန်ထွန်း နဲ့ပူးပေါင်းပြီးတော့ မောင်တောမြို့ခံတွေဆီက ငွေညှစ်တာတွေ ငွေမပေးရင် သတ်ပစ်တာတွေ လူတစ်ယောက်ဆိုရင် သိန်းတစ်ထောင်သုံးရာ ၊သိန်းငါးထောင်တောင်းပြီးတော့ ယူတာတွေ ရှိတယ် အဲဒီလိုဟာတွေကို ကျနော် မီဒီယာတွေမှာ တက်ပြီးတော့ သုံးသပ်တာတွေ တစ်ခါမှ မလုပ်ဘူး သူတို့ကသူတို့ လိုတဲ့ ပုံစံကိုပဲ ပုံဖော်ပြီးတော့ ပြောနေတယ် ဒီလို ပြောတာကို ကျနော်တို့ ရှုတ်ချတယ်”လို့ သူကပြောပါတယ်။

ဒါပေမယ့် ပြည်ပကိုရောက်နေကြတဲ့ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေ၊မွတ်ဆလင်အမည်ခံနိုင်ငံရေးသမားတွေ နဲ့ မွတ်ဆလင်အမည်ခံ သတင်းမီဒီယာတွေဟာ မွတ်ဆလင်တွေထဲကနေပြီးတော့ စစ်ကော်မရှင်တပ်တွေ နဲ့ ပူးပေါင်းပြီးတော့ မောင်တောဒေသခံတွေဆီမှာ ငွေညှစ်တာ သတ်ဖြတ်တာ စတဲ့ အချက်အလက်တွေ နဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေဆီမှာ သုံးသပ်ပြောဆိုတာတွေလုပ်ဆောင်တာကိုတော့ မတွေ့ရဘူးလို့ သူကထောက်ပြပါတယ်။

ပြည်ပကိုရောက်နေကြတဲ့ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေ၊မွတ်ဆလင်အမည်ခံနိုင်ငံရေးသမားတွေ နဲ့ မွတ်ဆလင်အမည်ခံ သတင်းမီဒီယာတွေအနေ နဲ့ ဒီလိုသူတို့ လိုသလို ပြောဆိုနေမှုတွေကြောင့် ဒေသအတွင်းမှာ တည် ငြိမ်အေးချမ်းစွာနေထိုင်နေကြတဲ့ လူမျိုးစု နှစ်ခုအကြား အမုန်းတရားတွေ ရရှိလာကာ မလိုလားအပ်တဲ့ ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေလည်း ရှိနေရတယ်လို့ ဘူးသီးတောင်မြို့နယ် အတွင်းက ဘာသာရေးခေါင်းဆောင် ဦးတင်အောင်က ဆိုပါတယ်။

“သူတို့တွေပြောနေတာက ကျနော်တို့ မြေပြင်မှာ နေထိုင်နေတဲ့ သူတွေအတွက်တော်တော် အနှောက်အယှက်တွေဖြစ်တယ်။ဒီမှာက ခွဲခြားဆက်ဆံတာ လည်းမရှိဘူး။ကျနော်တို့ အကုန်လုံးက ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်။ဒီအချိန်မှာ အကုန်လုံးကလည်း သဟဇာတတွေဖြစ်နေကြတယ်”လို့ သူကပြောဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အနေ နဲ့လည်း မွတ်ဆလင်တွေကို အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးတွေမှာ တဖြေးဖြေး နဲ့ လေ့ကျင့်ပျိုးထောင်ပြီးတော့ လူအရင်းအမြစ်တွေကို ထည့်သွင်းလာတာတွေ ရှိသလို အုပ်ချုပ်ရေး သင် တန်းတွေနဲ့ ဥပဒေ သင်တန်းတွေကိုပါ လေ့ကျင့်ဆောင်ရွက်ပေးနေတာလည်း ရှိနေပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် အနေ နဲ့ မွတ်ဆလင်တွေကို စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်တွေထဲမှာထည့်သွင်းနိုင်ဖို့ အတွက် တစ်ဦး နဲ့ တစ်ဦး ယုံကြည်မှုပိုင်းဆိုရာ နဲ့ပတ်သက်ပြီးတော့ လက်တွေ့ကျတဲ့ သက်သေပြမှုတွေ နဲ့ ပိုပြီးမှ အပြန်အလှန်နားလည်မှုတွေကို တည်ဆောက်မှုတွေကိုလည်း လုပ်ဆောင်နေမှုတွေ ရှိနေတယ်လို့ ဆိုထားပါတယ်

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here