Home သတင်း စစ်ရေး အာရက္ခတပ်တော် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မောင်တောမြောက်ပိုင်းမှာ အာဆာတပ်ဖွဲ့ဝင်အလောင်းတချို့ နဲ့ လက်နက်တွေသိမ်းဆည်းရမိခဲ့

အာရက္ခတပ်တော် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မောင်တောမြောက်ပိုင်းမှာ အာဆာတပ်ဖွဲ့ဝင်အလောင်းတချို့ နဲ့ လက်နက်တွေသိမ်းဆည်းရမိခဲ့

64
0

Coastal News Agency

အာရက္ခတပ်တော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ မောင်တောမြောက်ပိုင်းမှာ အာဆာတပ်ဖွဲ့ဝင်အလောင်တချို့ နဲ့ လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ နဲ့ နီးစပ်သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မောင်တောမြို့နယ် အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် စခန်းတစ်ခုကို အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ မောင်တောမြောက်ပိုင်းက နယ်မြေတချို့ကို နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော် နဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့တွေဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးတော့ အာရက္ခတပ်တော် က အာဆာတပ်ဖွဲ့ဝင်အလောင်းတချို့ နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူ တစ်ဦးက အခုလို ပြောပါတယ်။

“ဟုတ်ပါတယ် အာဆာတပ်ဖွဲ့ဝင်တချို့ နဲ့ လက်နက်ခဲယမ်းတွေကို တပ်တော်က သိမ်းဆည်းရမိခဲ့တာပါ။တိုက်ပွဲကတော့ လက်ရှိအချိန်ထိ ဆက်ပြီးတော့ ဖြစ်နေတုန်းပါ ။ထွက်ပြေးနေတဲ့ အာဆာတပ်ဖွဲ့တွေကို ဆက်ပြီးတော့ ရှင်းလင်းရေး လုပ်နေတာဖြစ်တယ်”လို့ သူကပြောပါတယ်။

အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ARSA၊RSO လက်နက်ကိုင် အဖွဲ့တွေဟာ နယ်စပ်တလျောက်ကနေ နည်းလမ်းမျိုးစုံ နဲ့ နယ်စပ်တလျှောက်စိမ့်ဝင်ပြီးတော့ ရခိုင်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာစတာတွေကို ဒီနောက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်လာနေတာရှိနေပါတယ်။

တဖက်မှာလည်း အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ARSA၊RSO လက်နက်ကိုင် အဖွဲ့တွေအနေ နဲ့ ရခိုင်ဒေသကိုဝင်ရောက်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB က စစ်သင် တန်းပေးတာ တွေ နဲ့ လက်နက်တပ်ဆင်ပေးတာတွေကို လုပ်ဆောင်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ကလည်း ရခိုင်က အာရက္ခတပ်တော်ကို တိုက်ထုတ်နိုင်ဖို့အတွက် မွတ်ဆလင်တွေ အနေ နဲ့ အကြမ်းဖက် ARSA တပ်ဖွဲ့ထဲကိုဝင်ရောက်ကြဖို့ကို ဖိတ်ခေါ်ထားတာလည်းတွေ့ရပါတယ်။

#သတင်းဟိန်းဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here