Home သတင်း စစ်ရေး ကျောက်မဲ နဲ့ သီပေါ မှာ စကမ ကိုသတင်းပေးနေတဲ့ စရဖ နဲ့ ဒလန် ၁၀​ ကျော်ကို TNLAက...

ကျောက်မဲ နဲ့ သီပေါ မှာ စကမ ကိုသတင်းပေးနေတဲ့ စရဖ နဲ့ ဒလန် ၁၀​ ကျော်ကို TNLAက ဖမ်းဆီးရမိခဲ့

140
0

Coastal News Agency

ကျောက်မဲ နဲ့ သီပေါမြို့တွေမှာ စစ်ကော်မရှင်တပ်က သတင်းရယူဖို့ စေလွှတ် လိုက်တဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) (၁၀)ဦးကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာတွေပူးပေါင်း ပြီးတော့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို ဖမ်းဆီးခံရတဲ့ (စရဖ) နဲ့ ဒလန်တွေထဲမှာ အမျိုးသမီးတွေ ပါဝင်နေတာကိုလည်း TNLA ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

လားရှိုးမြို့မှာ ရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်ထဲက TNLA ရဲ့ ဂိတ်နေရာတွေ၊ဂိတ်တွင်းရှိ လူအင်အားတွေ၊ လက် နက်အင်အားတွေ၊ဌာနဆိုင်ရာ အင်အားတွေ ၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးများတဲ့နေရာတွေကို သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက်မှာ ထိရောက်မှုရှိမရှိဆိုတာကို စုံစမ်းထောက်လှမ်းကာ သတင်းတွေ ရယူခဲ့တာလည်း ရှိတယ်လို့ ဆိုထားပါတယ်။

အဲဒီနောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ လွယ်ကူစွာဝင်ရောက်နိုင်မယ့်လမ်း နဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကို အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ အဲဒီနောက်ပိုင်းမှာ မြို့တွင်းတွေကို လမ်း‌လျှောက် ပြီးဝင်တာ၊ ဆိုင်ကယ်နဲ့ဝင်တာ၊ လိုင်းကားနဲ့ဝင်တာ၊ အိမ်စီးကားတွေ နဲ့ဝင်တာ၊ သူဌေးယောင်ဆောင်ဝင်လာတာ၊ သူတောင်းစားယောင်ဆောင်ဝင်လာတာ နဲ့ ခရီးသွားယောင်ဆောင်ကာ ပုံစံအမျိုးမျိုး နဲ့ ဝင်ရောက်ပြီးတော့ သ တင်းတွေကို ထောက်လှမ်းယူခဲ့တာတွေကို လုပ်ဆောင်ခဲ့တာကိုလုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။

သူတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်တဲ့အခါမှာလည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင် နဲ့ လူရှင်းတဲ့ နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ဦး နဲ့ တစ်ဦးသတင်းပေးပြီးတော့ စစ်ကော်မရှင်တပ် တွေဆီကို အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Viber/ Facebook/ Wechat/ Telegram တွေကနေ သတင်းတွေကို ပေးပို့ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

လက်ရှိဖမ်းဆီးရမိထားသူတွေကိုလည်း TNLAအနေ နဲ့ လုံခြုံစိတ်ချတဲ့နေရာတွေမှာ ကောင်းမွန်စွာထိန်းသိမ်းထားပြီးတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ခဲ့ရင် တအာင်းပြည် ဥပဒေ နဲ့ အညီ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here