အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့ သဖန်းခါးကျေးရွာ နဲ့ ပျားတဲရွာအနီးပတ်ဝန်းကျင်ကို ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ကြောင်းဟာ အာရက္ခတပ်တော် အေအေ ရဲ့ ကြားဖြတ်တိုက်ခိုက်ရှင်းလင်းတာကို ခံခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ပြီးခဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းတစ်ခုဟာ သဖန်းခါးကျေးရွာ နဲ့ ပျားတဲရွာအနီးပတ်ဝန်းကျင်ကိုထိုးစစ်ဆင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ရပြီးတော့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“သေဆုံးစစ်သားကတော့ ၂၀ ကျော်လောက်ရှိတယ်လို့ သိရတယ် ။လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိလိုက်တယ်။ကျန်တဲ့စစ်ကော်မရှင်တပ်သားတွေကတော့ ရတဲ့နေရာတွေကို ရတဲ့ နည်း နဲ့ထွက်ပြေးသွားကြတယ်လို့ သိရတယ်။တိုက်ပွဲကတော့ ဒီရက်ပိုင်း သိပ်ပြင်းပြင်းထန်ထန်ဖြစ်တာတော့ မရှိဘူး”လို့ သူကပြောပါတယ်။
လက်ရှိစစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ သဖန်းခါးကျေးရွာ နဲ့ ပျားတဲရွာတွေဟာ စစ်ကော်မရှင်ရဲ့ ဓညဝတီရေတပ်ဌာနချုပ် အနီးဝန်းကျင်မှာ ရှိနေတဲ့ ကျေးရွာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေဟာ အရင်တုန်းက အာရက္ခတပ်တော်ဆီမှာ သူတို့ လက်လွတ်ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ အတွက် ကြည်း၊ရေ၊လေ ၊ ဒရုန်းတွေ အပြင် မြေပြင်စစ်ကြောင်းအင်းအားအလုံးအရင်းဖြည့်တင်းပြီးတော့ စက်တင်ဘာလ အစပိုင်းကတည်းကပင် အပြင်းအထန်းထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပေမယ့် ဆက်တိုက်ဆိုသလို စစ်ရေး အရှုံးတွေ နဲ့ ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီနေ့မှာတော့ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော် ရဲ့ နှစ်ဖက်တိုက်ပွဲ အခြေအနေတွေဟာ အနည်းငယ်ငြိမ်းသက်မှု ရှိနေတာကိုလည်းတွေ့နေရတယ်လို့ နောက်ထပ်ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်သိရသလောက်ကတော့ ဒီနေ့မှာ နှစ်ဖက်တိုက်ပွဲ အခြေအနေကတော့ ငြိမ်သက်နေတယ်လို့ သိရတယ်။အရင်တုန်းကလောက် လက်နက်ကြီးသံတွေမကြားရဘူးပေါ့ ။နေရာကွက်ပြီးတော့ စစ်ကြောင်းထိုးလာတဲ့ နေရာတွေမှာတော့ တိုက်ပွဲ ဖြစ်တဲ့ အနေအထားလောက်တော့ ရှိတယ်လို့ သိထားရတယ်”လို့ သူကပြောပါတယ်။
ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့တာ ဖြစ်ပြီးတော့လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွါးမှု ကာလဟာ ခုနှစ်လကျော်ထိ ရှိလာနေပြီးလည်းဖြစ်ပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲဖြစ်ပွါးမှုအချိန်ကြာလာတာ နဲ့ အတူ ဒေသတွင်းက အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတဲ့ ဒေသခံ ပြည်သူစစ်ရှောင်ဦးရေတွေလည်း တိုးလာနေတာတွေ ရှိနေသလို စားဝတ်နေရေး အခက်အခဲ များစွာ နဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.