Home သတင်း စစ်ရေး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UN ဝန်းထမ်းတချို့ထဲမှာ စစ်သွေးကြွတွေရဲ့ လူတွေပါဝင်နေတယ်လို့ အေအေ တပ်မှူးချုပ်ပြော

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UN ဝန်းထမ်းတချို့ထဲမှာ စစ်သွေးကြွတွေရဲ့ လူတွေပါဝင်နေတယ်လို့ အေအေ တပ်မှူးချုပ်ပြော

136
0

Coastal News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ UN ဒေသခံဝန်ထမ်းတချို့တွေထဲမှာ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်တချို့ ရှိနေတယ်လို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီသတင်းဌာန နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှု အင်တာဗျူးထဲမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

” ဒီ ဒီမိုဟာမက်က Campတွေမှာ အစည်းအဝေးခေါ်ရင် Camp ခေါင်းဆောင်တွေကလာတက်ရတယ် သူခေါ်တဲ့ အစည်းအဝေးကို မတက်ဘူးဆိုရင် Campမှာ ပေးဝေနေတဲ့ အကူအညီတွေက မရဘူး သူက အဲဒီ UN နဲ့ နိုင်ငံတကာ NGO တွေက ပေးနေတဲ့ အကူအညီတွေကိုတောင်မှ စစ်သွေကြွတွေ အတွက် အထောက်အကူမဖြစ်ဘူးဆိုရင် သူတို့ထိန့်ချုပ်မှု လုပ်ပြီးမှ Languageတွေတောင်လုပ်လို့ ရတယ် အဲဒီ UN ဝန်းထမ်းတွေရော NGO ဝန်ထမ်းတွေရော သူ့ရဲ့ လူတွေ သူရဲ့ ကွန်ရက် ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေလို့ဘဲ”လို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲဒါကြောင့် UN အဖွဲ့အစည်းမှာ စစ်သွေးကြွတွေရဲ့ လူတွေဖြစ်နေတဲ့အတွက် UN ရဲ့ standard staff တွေကို ဘယ်လို ယုံကြည်လို့ရမှာလဲဆိုတဲ့ မေးခွန်းကိုလည်း အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေးခွန်းထုတ်ထားပါတယ်။

တစ်ဖက်မှာလည်း UN အဖွဲ့အစည်းတွေ အနေ နဲ့ တစ်ခါတစ်လေမှာ ရခိုင်ဒေသကို စစ်ဆေးမှု လုပ်ဆောင်နိုင်ဖို့ အတွက် NGO တွေကိုဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုတာတွေ ၊စစ်ဆေးရေး အဖွဲ့တွေကို ဝင်ခွင့်ပေးဖို့တောင်းတာတွေကို လုပ်ဆောင်တာတွေရှိပြီးတော့ ဒီလို ဝင်ရောက်စစ်ဆေးခွင့်ကို အာရက္ခတပ်တော် အနေ နဲ့ ခွင့်ပြုပေးနိုင်ပေမယ် ဝင်ရောက်စစ်ဆေးမယ့်သူတွေကလည်း အာရက္ခတပ်တော် အနေ နဲ့ ယုံကြည်ရတဲ့ သူတွေဟုတ်မဟုတ်ဆိုတာကို အရင်စစ်ဆေးခွင့် ပေးဖို့လိုအပ်တယ်လို့လည်း အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေ မှာ အခြေပြုထားတဲ့ မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေဟာ ရခိုင်ဒေသတွေမှာ စည်းလုံးညီညွတ်မှု၊တိုးတက်မှု၊သဟဇာတရှိမှုတွေရှိနေတယ်ဆိုတာကို လိုလားမှု မရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှု၊မွတ်ဆလင်တွေကို Genocide လူမျိုးတုံးသတ်ဖြတ်မှု လုပ်နေတယ်ပါတယ်ဆိုတဲ့ Issue တွေကိုသာ လိုလားမှု ရှိနေတာလည်းဖြစ်တယ်လို့ဆိုထားပါတယ်။

သူတို့ အနေ နဲ့ ဒီလို သဟဇာတ မဖြစ်မှုတွေကိုလိုအပ်နေတာကလည်း ဒီဒေသကို နိုင်ငံတကာရဲ့အကူအညီတွေ နဲ့ R2P အစီစဥ်အောက်ကနေ လွတ်မြောက်ရေးလုပ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့် အပြုသဘောဆောင်တဲ့ သွားရာ အရပ်ကို မလိုလားအပ်တာဖြစ်တယ်လို့လည်း အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကထောက်ပြပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here