ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်းတောင်တန်းဒေသ ၊ ခဂ္ဂရာချရီ မြို့နယ်အတွင်းမှာအသက် ၁၂ နှစ်အရွယ် ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မရမာကျောင်းသူတစ်ဦးကို ဘင်္ဂလီလူငယ် ၃ ဦးက အတင်းအဓမ္မ မုဒိမ်းပြုကျင့်တာကို လုပ် ဆောင်ခဲ့တယ်လို့ အဲဒီအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Hill Voice မီဒီယာမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီ နဲ့ ၁၁ နာရီကြားမှာ ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မုဒိမ်းပြုကျင်ခံခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ၈ တန်းကျောင်းသူဟာ ၊ ခဂ္ဂရာချရီ မြို့နယ်၊ သိင်္ဂီနာလာရပ်ကွက် (၁) မှာ နေထိုင်သူ တစ်ဦးဖြစ်ပြီးတော့ ညကျောင်းကနေ အိမ်သို့အပြန် လမ်းမှာ ဘင်္ဂလီလူငယ် ၃ ဦးက အခုလို အတင် အဓမ္မပြုကျင့်တာကို ခံခဲ့ရတာဖြစ်တယ်လို့ မုဒိမ်းပြုကျင့်ခံခဲ့ရသူကလေးငယ် ဖခင်ဖြစ်သူ မရမာ လူမျိုး မောင်ဆာဇိမ်း ရဲ့ ပြောပြချက်ကို ကိုးကားကာ Hill Voice မီဒီယာကဖော်ပြထားပါတယ်။
“သူဟာ ဆရာဦးသာချမ်း(မရမာ) ရဲ့ ညကျောင်းကို သွားခဲ့ပါတယ် ည ၉:၃၀ ဖြစ်နေလို့ သမီးပြန်မရောက်လာသေးလို့ သူတို့ကျောင်းကို လိုက်သွားတဲ့ အခါမှာ ကျောင်းဆရာ ဦးသာချမ်း(မရမာ) နဲ့တွေတော့ ကလေးက ၉ နာရီလောက်ကပင် အိမ်ကို ပြန်သွားပြီးလို့ပြောတယ် ဒါပေမယ့် ကလေးက အိမ်ပြန်မရောက်လာဘူးဖြစ်နေတယ်”လို့ သူရဲ့ ဖခင်က ပြောဆိုထားပါတယ်။


အဲဒီနောက်မှာတော့ မိသားစုဝင်တွေ အနေ နဲ့ ကလေးကိုစိုးရိမ်တာကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေ နဲ့ လိုက်လံဝိုင်းဝန်းရှာဖွယ်တဲ့ အခါမှာ ည ၁၁ နာရီဝန်းကျင်လောက်မှာ သိင်္ဂီနာလာရပ်ကွက် (၁) ဘုန်းကြီးကျောင်းအနီးမှာ ကလေးငယ် အနေ နဲ့ သတိမေ့မျောနေတာကိုတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မုဒိမ်းပြုကျင့်ခံလိုက်ရတဲ့ ကလေးငယ် ရဲ့ထွက်ဆိုချက် အရ သူဟာ ဆရာဦးသာချမ်း ရဲ့ ညကျောင်းကနေ အိမ်သို့ ပြန်အလာ ဘုန်းကြီးကျောင်းအနီးကို အရောက်တဲ့ အချိန်မှာ ဘင်္ဂလီလူငယ် ၃ ဦးက သူ့ကိုအတင်း အဓမ္မ ဖမ်းဆီးပြီးနောက် အုပ်စုဖွဲ့ကာ အကြိမ်ကြိမ် မုဒိမ်းကျင့်တာကို လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ နှာခေါင်း၊ ပါးစပ်တွေကို မေ့ဆေးရည်တွေ လောင်းပြီး ထွက်ပြေးသွားကြတာဖြစ်ပြီးတော့ ဘင်္ဂလီလူငယ် ၃ ဦးဖြစ်တယ်ဆိုတာကလွဲရင် မည်သူမည်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ မသိရှိလိုက်ရဘူးလို့ ထွက်ဆိုထားကြောင်းကိုလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဒီအမှုကို ဖခင်ဖြစ်သူ မရမာ လူမျိုး မောင်ဆာဇိမ်း က တရား လိုပြုလုပ်ကာ ခဂ္ဂရာချရီ မြို့နယ် ရဲ့စခန်းမှာ သက်ငယ်မုဒိမ်းမှု နဲ့ အမှုဖွင့်ထားတယ်လို့လည်းဆိုထားပါတယ်။
စစ်တကောင်းကျောင်းသားသမဂ္ဂ အနေ နဲ့လည်း အခုလို ကလေးငယ်အပေါ်မှာ ရက်စက်စွာ အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်ခဲ့သူတွေကို ရှာဖွယ်ဖမ်းဆီးပြီးတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့ အတွက်ကိုလည်း ဆန္ဒပြတောင်းဆိုတာတွေ လုပ်ဆောင်ခဲ့နေကြတယ်လို့ သိရပါတယ်။




