Home သတင်း သိန္နီမြို့မှာ မု-ဒိမ်းမှု နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တရုတ်လူမျိုး အပါ အဝင် ၇ ဦးကို MNDAA က...

သိန္နီမြို့မှာ မု-ဒိမ်းမှု နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တရုတ်လူမျိုး အပါ အဝင် ၇ ဦးကို MNDAA က သေ-ဒဏ်ပေး ကွပ်မျက်

92
0

Coastal News Agency

MNDAA ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ သိန္နီမြို့အတွင်းမှာ မု-ဒိမ်းမှု နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တရုတ်လူမျိုး အပါအဝင် ပြစ်မှုကျူးလွန်ထားသူ ၇ ဦးကို MNDAA က သေ-ဒဏ်ပေး ကွပ်မျက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ဒီလို သေ-ဒဏ်ပေးကွပ်မျက်တာကို MNDAA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က အများပြည်သူ မြင်ကွင်းဖြစ်တဲ့ သိန္နီမြို့ မြို့မဈေးအနီး မှာ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီကွပ်မျက်မှုထဲမှာ ပါတဲ့ တရုတ်လူမျိုး ၃ ဦးကတော့ မု-ဒိမ်းမှု ကိုကျူးလွန်ထားသူတွေ ဖြစ်ပြီးတော့ ကျန်ရှိတဲ့ သူ ၄ ဦးကတော့ ခိုးမှု၊ လုယက်၊ လူသတ်မှုတွေကို ကျူးလွန်ထားတဲ့ သူတွေဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။

မု-ဒိမ်းပြုကျင့်ခဲ့လို့ သေ-ဒဏ်ချမှတ်ခံရတဲ့ သူ ၃ ဦးထဲမှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ နေ့က ဖြစ်ပွါးခဲ့တဲ့ သိန္နီမြို့အတွင်းမှာ တရုတ်စာသင်ကြားပေးနေတဲ့ ဆရာမကို အဓမ္မပြုကျင့် သတ်-ဖြတ်ခဲ့တဲ့ သူကိုလည်း ထည့်သွင်းကွပ် မျက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MNDAA ဟာ သူတို့ထိန်းချုပ်ရာဒေသတွေမှာ မု-ဒိမ်းမှု အပါအဝင် ခိုးမှု ၊လုယက်မှု၊ဓါးပြတိုက်မှု၊လူသတ်မှုတွေကို ကြီးလေးတဲ့ အပြစ်ဒဏ်တစ်ခု အနေ နဲ့ သတ်မှတ်ကာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းကပင် သေ-ဒဏ်ပေးကွပ်မျက်တာကို လုပ်ဆောင်ပေးလာတာဟာ ၁၁ ဦးထက်မနည်း ရှိလာနေပြီလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း MNDAA အနေ နဲ့ သူတို့ ထိန်းချုပ်ရာနယ်မြေအတွင်းမှာဒီလို ပြစ်မှုတွေကိုကျူးလွန်နေတဲ့ သူတွေကို သေ-ဒဏ်ပေးကွပ်မျက်တာတွေ လုပ် ဆောင်နေတဲ့ အပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွတ်ခဲ့ရှုတ်ချတာတွေလည်း ရှိနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here