Home နိုင်ငံရေး ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ မွတ်ဆလင်တွေ နေရပြန်ခွင့်ရဖို့ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့တောင်းဆို

ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ မွတ်ဆလင်တွေ နေရပြန်ခွင့်ရဖို့ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့တောင်းဆို

119
2

(အာရက္ခတပ်တော်ကို နာဇီတပ်လို့ စွပ်စွဲ)

Coastal News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေကြတဲ့ ဒုက္ခသည်မွတ်ဆလင်တွေ ရခိုင်ကိုပြန်ခွင့် ရရှိရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့အရေးကို ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တဲ့ နှစ် ၈၀ ပြည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အထိမ်းအမှတ်နေ့အခမ်းအနားမှာ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်း အမှတ် ၁၃ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နှစ် ၈၀ ပြည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အ ထိမ်းအမှတ်နေ့အခမ်းအနားမှာ မွတ်ဆလင်တွေက ကုလသမဂ္ဂကို တောင်းဆိုမှု လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်

ဒါ့အပြင် မွတ်ဆလင်များအပေါ် မှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက်လည်း တရားမျှတမှု ရရှိဖို့အတွက်ကို တောင်းဆိုခဲ့ကြသလို မွတ်ဆလင်ဒုက္ ခသည်တွေ အနေ နဲ့ ဂုဏ်သိက္ခာရှိရှိ နဲ့ နေရပ်ပြန်ခွင့် ရဖို့ အတွက်ကိုလည်းကုလ သမဂ္ဂညီလာခံက ဆုံးဖြတ်ပေးစေချင်တယ်လို့လည်း မွတ်ဆလင်တွေက တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် ဒီလိုနေရပ်ပြန်ခွင့်တောင်းနေတဲ့ မွတ်ဆလင်တွေက အာရက္ခတပ်တော် AA အနေ နဲ့ မွတ်လင်ဆလင်တွေ အပေါ်မှာ လူမျိုးတုံးသတ်ဖြတ်နေတာတွေကို ရပ်တန့်ပေးဖို့ နဲ့ အာရက္ခတပ်တော်ဟာ လက်ရှိမှာ နာဇီတပ်ဖြစ်နေပြီဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မွတ်ဆလင်တွေက စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေ နဲ့ကတော့ လက် ရှိ ရခိုင်အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ စစ်ရေးအကျပ်အတည်းတွေ ဖြစ်နေတဲ့ အတွက် မွတ်ဆလင် ဒုက္ခသည်နေရပ်ပြန်ခေါ်ရေးဟာ ဦးစားပေးဆောင် ရွက်လို့ မရသေးတဲ့ ကိစ္စတစ်ခုဖြစ်ပြီးတော့ ပြန်လာခဲ့ရင်လည်း ဒုက္ခ သည်တွေ အနေ နဲ့ စားဝတ်နေရေး နဲ့ နေထိုင်ရေးတွေ အခက်အခဲဖြစ်လာကြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း မွတ်ဆလင်နိုင်ငံသားတွေကို တစ်ဆင့်ပြီးတစ်ဆင့် အခွင့်အ ရေးရရှိနိုင်ဖို့အတွက် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့လည်း အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

2 COMMENTS

  1. Alright, hear me out. I gave mgbett a shot the other day and gotta say, not bad! The interface is pretty slick and I actually managed to snag a small win. Could use a few more promos, but overall, a solid experience. I’d give it another spin!

LEAVE A REPLY

Please enter your comment!
Please enter your name here