Home လူ့အခွင့်အရေး မရမာ ကျောင်းသူအတွက် အရေးယူမှုလုပ်ဆောင်ပေးဖို့ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံရလို ၂ ဦးသေ

မရမာ ကျောင်းသူအတွက် အရေးယူမှုလုပ်ဆောင်ပေးဖို့ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံရလို ၂ ဦးသေ

43
0
ဘင်္ဂလားဒေ့ရှ် စစ်တပ် နဲ့ ဘင်္ဂလီတွေ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦးမြင်တွေ့ရမှု။

Coastal News Agency

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊စစ်တကောင်းတောင်းတန်းဒေသ ၊ ခက္ခရာဆိုရီမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်မျိုးနွယ်စုဝင် မရမာ ကျောင်းသူငယ်တစ်ဦးကို ဘင်္ဂလီလူငယ် ၃ ဦးက အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့မှု နဲ့ ပတ် သက်ပြီး အရေးယူဆောင်ရွက်မှုကို ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ဘင်္ဂလားဒေ့ချ်စစ်တပ် နဲ့ ဘင်္ဂလီလူမျိုးတွေက အကြမ်းဖက်ဖြိုခွင်းတာ လုပ်ဆောင်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေ ထဲက ၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီတောင်းဆိုမှုကို ဘင်္ဂလားဒေ့ချ်နိုင်ငံ၊စစ်တကောင်းတောင်းတန်းဒေသ ၊ ခက္ခရာဆိုရီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကပင် စစ်တကောင်းကျောင်းသားသမဂ္ဂ က ဦးဆောင်ကာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဆန္ဒပြတောင်းဆိုသူတွေဟာ ဒီနေ့မှာ လည်း ဒီကီစ္စကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့အတွက်တောင်းဆိုခဲ့ပြီးတော့ ခက္ခရာဆိုရီမြို့၊ ပုလံထောင့် အရောက်မှာ ဘင်္ဂလားဒေ့ချ်စစ်တပ် နဲ့ ဘင်္ဂလီလူမျိုးတွေက ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖြို့ခွင်းတာကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးက အခုလို ပြောပါတယ်။

“ဆန္ဒပြပွဲက ၂၄ ရက်နေ့မှာ စတာ ဒီနေ့ ကတော့ မနက် ၇ နာရီလောက်ကပင်စတယ် လူက ၅၀၀လောက်ပါတယ်။ခက္ခရာဆိုရီမြို့၊ ပုလံထောင့် မှာ ကျောင်း သားတွေက လမ်းပိတ် ထားခဲ့တယ် နေ့လယ် ၂ နာရီလောက်မှာ ဘင်္ဂလားဒေ့ချ်စစ်တပ် နဲ့ ဘင်္ဂလီလူမျိုး တွေရောက်လာပြီးတော့ AK-47 တွေ နဲ့ ပစ်ခတ်ပြီးတော့ ဖြိုခွင်းတာကို လုပ်ခဲ့တယ်။သေနတ်ထိမှန်တာ ၂ ဦး ရှိတယ်။တစ်ဦးက ပွဲချင်းပြီးသေတယ် နောက်တစ်ဦးက ဆေးရုံမှာသေတယ်”လို့ သူကပြောပါတယ်။

ဒီဖြိုခွင်းမှု ကြောင့်သေဆုံးခဲ့ရသူ ၂ ဦးကတော့ စစ်တကောင်းကျောင်းသားသမဂ္ဂ က သက္ကမလူမျိုး တွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မု-ဒိမ်းမှုကိုထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုမှုလုပ်ဆောင်တာကို ဘင်္ဂလားဒေ့ချ်စစ်တပ် အနေ နဲ့ ကာကွယ်ပေးတာ မလုပ်ဘဲ တရားခံတွေ နဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုလုပ်ဆောင်တာဟာ မတရားသဖြင့် အနိုင်ကျင့်မှု လုပ် ဆောင်တာဖြစ်တယ်လို့လည်း ဆန္ဒပြလူငယ်တွေက ဆိုကြပါတယ်။

လက်ရှိ ခက္ခရာဆိုရီမြို့ကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က လူစုလူဝေးမလုပ်ဖို့ကိုလည်း အမိန့်တရပ်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here