Home သတင်း စစ်ရေး လူသတ်၊ဓားပြမှု နဲ့ ကျောက်တော်အချုပ်ခန်းက ထွက်ပြေးနေတဲ့ တရားခံပြန် လည်ဖမ်းဆီးရမိ

လူသတ်၊ဓားပြမှု နဲ့ ကျောက်တော်အချုပ်ခန်းက ထွက်ပြေးနေတဲ့ တရားခံပြန် လည်ဖမ်းဆီးရမိ

138
0

Coastal News Agency

လူသတ်၊ဓားပြမှု နဲ့ ကျောက်တော်မြို့အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူကို ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS ကပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ DLEPS ကအတည်ပြုပြောပါတယ်။

လူသတ်၊ဓားပြမှု နဲ့ ကျောက်တော် အချုပ်ခန်းကနေထွက်ပြေးသွားတဲ့ ကိုညီညီစိုးဆိုသူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့နယ်၊ပြိန်ချောင်းကျေးရွာ အတွင်းက ဒေါ်ဝင်ယဉ်နု နေအိမ်ကို ဓားပြတိုက်ကာ လက်ဝတ်ရတနာတွေကို ယူခဲ့ပြီးနောက်မှာ ဒေါ်ဝင်ယဉ်နု ကိုလည်လှီးသတ်ဖြတ်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

အဲဒီနောက်မှာ ကိုညီညီစိုးကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ က ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ အရ အရေးယူဆောင်ရွက်ကာ တရားရင် ဆိုင်နေရပြီးတော့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုညီညီစိုးကို တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS ကပြန်လည်ဖမ်းဆီးနိုင်ဖို့ အတွက် လိုက်လံ ရှာဖွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ ဒီနေ့မှာ တာဝန်သိပြည်သူ တစ်ဦးရဲ့ သတင်းပေးပို့ချက် အရ DLEPS တပ်ဖွဲ့က ဒီနေ့မှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ DLEPS အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

“မြောက်ဦးမြို့ တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS က ဒီနေ့မှာ ပြန်ဖမ်းဆီးနိုင်ခဲ့တာပါ။တာဝန်သိပြည်သူတစ်ဦး သတင်းပေးပို့ချက် အရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်။အခုတို့ သူ့ကို ဆက်လက် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

ကိုညီညီစိုး နဲ့ အတူ ကျော်တော်မြို့အချုုပ်ခန်းက ထွက်ပြေးသွားတဲ့ ခိုးမှု၊ လုယက်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကိုမိုမြတ်ကျော်ကို တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ DLEPS က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြန်လည်ဖမ်းဆီး ရမိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here