သံတွဲမြို့နယ် အတွင်းက ပဒေကောကျေးရွာကို စစ်ကော်မရှင်က မနေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ နေဗီကလက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်တာ နဲ့ နေဗီကလက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို စစ်ကော်မရှင် က မနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်မှာ လေကြောင်းက ၂ကြိမ်းတိုင်တိုင်ဗုံးကြဲတိုက်ခိုက်တာ နဲ့ နေဗီက လက်နက် ကြီး နဲ့ ၆ ချက် တိတိ ပစ်ခတ်တာကိုလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီလို ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ပဒေကောကျေးရွာ ဘုန်းတော်ကြီးကျောင်း အနည်းငယ်ထိခိုက်ပျက်စီးတာ ရှိခဲ့ပြီးတော့ အရပ်သားပြည်သူတွေကတော့ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးကအခုလို ပြောပါတယ်။
“ဘုန်းတော်ကြီးကျောင်း နည်းနည်းပျက်စီးသွားတယ်။ ကျန်တာတော့ ပျက်စီးတာတော့ သိပ်မရှိဘူး တောစပ်နေရာတွေကို ကျရောက်ပေါက်ကွဲတာများတယ်”လို့ သူကပြောပါတယ်။
လက်ရှိစစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ ပဒေကောကျေးရွာဟာ သံတွဲမြို့ နဲ့ ၃ မိုင်ခန့်အကွာမှာ ရှိတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီ ၄၅ မိနစ်မှာလည်း သံတွဲ့မြို့ ညောင်ပင်စျေးအနီးကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် ၅ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
ဒီရက်ပိုင်း အတွင်းမှာ စစ်ကော်မရှင်တပ်တွေဟာ တိုက်ပွဲဖြစ်ပွါးတာ တစုံတစ်ရာ မရှိတဲ့ သံတွဲမြို့နယ်အတွင်းက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ နဲ့ နေဗီတွေကနေလက်နက် ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတဲ့ အတွက် ဒေသခံပြည်သူတွေဟာ စိုရိမ်ကြောက့်လန့်မှုတွေ နဲ့လည်း ရင်ဆိုင်နေကြရတယ်လို့လည်း သံတွဲဒေသခံ တွေက ဆိုကြပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်ဟာ တောင်ကုတ် မြို့က တပ်ဦးဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်တာလုပ် ခဲ့တဲ့ အတွက် ဘုန်းကြီးကျောင်း တစ်ခုလုံးပျက်စီးသွားတာလည်း ရှိခဲ့ရပါသေးတယ်။
နည်းဗျူဟာအမျိုးမျိုး၊ခေါတ်မှီလက်နက်အမျိုးမျိုး နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်အာရက္ခတပ်တော်ကို စစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မ ရှင်ဟာ ရခိုင်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နေရာတွေက အရပ်သားပြည်သူနေထိုင်တဲ့နေရာတွေကို လေ ကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်တာကိုပြုလုပ်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကိုလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့ သရက်တပင်ကျေးရွာက ကိုယ်ပိုင်းအထက်တန်းစာသင်ကျောင်း ၂ ကျောင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသူ ကျောင်းသား အပါအဝင် ၂၃ ဦးသေဆုံးခဲ့ရပြီးတော့ ၂၂ ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
tzpqz0