သံတွဲမြို့ ညောင်ပင်စျေးအနီးကို ဒီနေ့ ညနေ ၈ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ရပြီးတော့ ၅ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသူကတော့ ဦးညီညီ ဆိုသူဖြစ်ပြီးတော့ ဒဏ်ရာ ရသူတွေကတော့ အသက် ၆ နှစ်အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်သီဟစိုး၊ အသက် ၃၀ ကျော်အရွယ် ဒေါ်ခင်ခင်ဌေး ၊အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ထွေး နဲ့ အသက် ၄၀ ကျော်အရွယ် ဦးထွန်းမင်းနိုင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီညောင်ပင်စျေး အနီးကို ၂ ကြိမ်တိုင်တိုင် လေကြော င်းကနေတဆင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ရပ်ကွက်အတွင်းကို ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။


“တစ်လုံးက အပြင်ကိုကျတာ နောက်တစ်လုံးက ရပ်ကွက်တည့်တည့်ကိုကျတာ။ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်လူနာတွေပါတယ် နေအိမ်တွေလည်း ပျက်စီးသွားတာရှိတယ်။နောက်ပြီးတော့ ခင်ခင်ဌေးမှာက ကိုယ်ဝန်နဲ့ဖြစ်တယ်”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်ဟာ တောင်ကုတ် မြို့က တပ်ဦးဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်တာလုပ် ခဲ့တဲ့ အတွက် ဘုန်းကြီးကျောင်း တစ်ခုလုံးပျက်စီးသွားတာလည်း ရှိခဲ့ရပါသေးတယ်။
နည်းဗျူဟာအမျိုးမျိုး၊ခေါတ်မီလက်နက်အမျိုးမျိုး နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်အာရက္ခတပ်တော်ကို စစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မ ရှင်ဟာ ရခိုင်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နေရာတွေက အရပ်သားပြည်သူနေထိုင်တဲ့နေရာတွေကို လေ ကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်တာကိုပြုလုပ်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကိုလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့ သရက်တပင်ကျေးရွာက ကိုယ်ပိုင်းအထက်တန်းစာသင်ကျောင်း ၂ ကျောင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသူ ကျောင်းသား အပါအဝင် ၂၃ ဦးသေဆုံးခဲ့ရပြီးတော့ ၂၂ ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.