စစ်ကော်မရှင်တပ်ရဲ့ ရေကြောင်း၊လေကြောင်း နဲ့ လက်နက်ကြီးရန်တွေကို အရင်ကထက်ပိုသတိထားဖို့ အာရက္ခတပ်တော်(AA)က ပြည်သူတွေကို အထူးသတိပေးထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ စက်တင်ဘာလထဲမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားတဲ့ မြို့တွေကို လေကြောင်း၊ရေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ တွေကိုလုပ်ဆောင်လာတဲ့အတွက် အခုလို ထုတ်ပြန်သတိပေးလာခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ပြည်သူတွေ အနေ နဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုရန်ကို အရင်ကထက် ပိုမို သတိထားကြဖို့ နဲ့ စစ်ရေးသတိ အ ပြည့်အဝ အချိန်မရွေးရှိကြဖို့ ကိုတိုက်တွန်းထားတာလည်းဖြစ်ပါတယ်။


လက်ရှိမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်ဒေသအစပ်က နေရာ ၃ ခုမှာ လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီးတော့ အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လို စိတ်မရှိတဲ့ အတွက် ရှေ့တန်း၊ နောက်တန်းတွေမှာ အခွင့်ရ ရင်ရသလိုတပ်ပြေးတာ၊ AA ဆီကိုဘက်ပြောင်းတာ၊ အလံဖြူထောင်ဝင်ရောက်တာတွေ နေတိုင်းဖြစ်ပျက်နေတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။





7win9game… sounds catchy! It’s actually pretty fun once you get into it. The layout is clean and the games are solid. Check it out, you might like it: 7win9game
Hey 123win58, what’s the scoop? Got some good games and promos going on? I’m always looking for a new spot to try my luck. Give me a reason to sign up! Play now at: 123win58
нажмите, чтобы подробнее трипскан вход