ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ၊ခါဂရာချရီမြို့က ရခိုင်မျိုးနွယ်စုဝင် မရမာလူမျိုး အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး မု-ဒိမ်းကျင့်ခံရမှု ကိစ္စအမှုမှန်ပေါ်ပေါက်ရေး အတွက်ကို မနေ့က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ က ဦးဆောင်ပြီးတော့ ဆန္ဒပြမှု တရပ်လုပ် ဆောင်ခဲ့ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်း တောင်တန်းဒေသ ခါဂရာချရီမြို့မှာ အသက် ၁၂ နှစ်အရွယ်ရှိ ၈ တန်းကျောင်း သူ ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မရမာလူမျိုး ကလေးငယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၃ ဦးကက အဓမ္မပြုကျင့်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အတွက် ကျောင်းသားလူငယ်တွေ နဲ့ ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပြီးတော့ အဲဒီလို ဆန္ဒပြတောင်းသူတွေကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို ဘင်္ဂလားဒေ့ရှ် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ဆန္ဒပြပြည်သူတွေထဲက ၄ ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေဟာလည်း ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက်ကို စစ်တကောင်းကျောင်း သားသမဂ္ဂ က ဦးဆောင်ကာ ဆန္ဒပြမှုတွေလုပ်ဆောင်နေတာတွေ ရှိနေတဲ့ အတွက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေ နဲ့လည်း စစ်တကောင်းကျောင်း သားသမဂ္ဂ နဲ့ ထပ်တူ ရပ်တည်လျှက်ရှိနေတယ်လို့ ရခိုင်ပြည်ကျောင်း သားသမဂ္ဂ ကထုတ်ပြန်ပြောဆိုထားပါသေးတယ်။


