ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်း တောင်တန်းဒေသ က အကြမ်းဖက်မှုတွေကို ယာယီဝန်ကြီးချုပ် ဒေါက်တာ မိုဟာမတ်ယူနွတ်စ် အနေ နဲ့ မွတ်ဆလင်တွေ မ ဟုတ်တဲ့ အတွက် မျက်ကွယ်ပြုထားတာဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်း တောင်တန်းဒေသ ခါဂရာချရီမြို့မှာ အသက် ၁၂ နှစ်အရွယ်ရှိ ၈ တန်းကျောင်း သူ ရက္ခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မရမာလူမျိုး ကလေးငယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၃ ဦးကက အဓမ္မပြုကျင့်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အတွက် ကျောင်းသားလူငယ်တွေ နဲ့ ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပြီးတော့ အဲဒီလို ဆန္ဒပြတောင်းသူတွေကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို ဘင်္ဂလားဒေ့ရှ် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ဆန္ဒပြပြည်သူတွေထဲက ၄ ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေဟာလည်း ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီလို စစ်တကောင်းတောင်တန်းဒေသမှာနေထိုင်နေတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ နဲ့ လူအခွင့်အရေးချိုးဖောက်ခံနေရတာတွေကို ယာယီဝန်ကြီးချုပ် ဒေါက်တာ မိုဟာမတ်ယူနွတ်စ် အနေ နဲ့ မျက်ကွယ်ပြုနေတာဟာ မွတ်ဆလင်လူမျိုးတွေမဟုတ်တဲ့ အတွက် အခုလို လုပ်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသား သမဂ္ဂက အနေ နဲ့ ရှုမြင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် တရားမျှတမှု ရရှိရေးကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ စစ်တကောင်းတောင်တန်းဒေ သကကျောင်းသားပြည်သူတွေကို ရန်စ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ လူမျိုး ရေး အစွန်းရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို တားဆီးတာမလုပ်တဲ့အပြင် အဲဒီလူတွေ နဲ့ အတူ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပါ ပူးပေါင်းပြီးတော့ အကြမ်း ဖက် ဖြိုခွင်းမှု နဲ့ မီးရှို့မှုတွေ လုပ်နေတာဟာလည်း လူသားမျိုးနွယ်အပေါ်မှာ ခွဲခြားဆက်ဆံပြီးတော့ ရှင်းလင်းဖို့ လုပ်ဆောင်နေတယ်ဆိုတာ ငြင်းချက်ထုတ်မရတဲ့ အချက်ဖြစ်တယ်လို့လည်း ရခိုင်ပြည်ကျောင်းသား သမဂ္ဂကထောက်ပြပြောဆိုထားပါတယ်။
ဒီစစ်တကောင်းတောင်တန်းဒေသမှာ နေထိုင်နေကြတဲ့ ဌာနေတိုင်းရင်းသားတွေ အနေ နဲ့ ဒီလိုဖြစ်စဉ်မျိုးတွေကို ကျူးလွန်ခံနေရတာဟာ ဒီတစ်ကြိမ်းတည်းကျူးလွန်ခံရတာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ရတဲ့ အချိန်က စပြီးတော့ ဒီနေ့အချိန်ထိ ကျူးလွန်ခံနေကြရတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာလည်း ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုခန့်အပ်ခံထားရတဲ့ နိုင်ငံတကာအသိအမှတ်ပြု ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါက်တာ မိုဟာမတ်ယူနွတ်စ် ဦးဆောင်တဲ့ အစိုးရ အနေ နဲ့ ဒီဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို အကြမ်းဖက်နည်းလမ်းတွေ နဲ့ ကိုင်တွယ်ဖြေရှင်းနေတာဟာ ကလေးသူငယ်အခွင့်အရေး၊လူ့အခွင့်အရေး၊အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားအခွင့်အရေးကြေငြာစာတမ်းကို အတိအလင်းချိုးဖောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မု-ဒိမ်းမှုကျူးလွန်သူတွေ နဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အရာရှိအဆင့်ဆင်ကိုလည်း ပွင့်လင်းမြင်သာမှု ရှိစွာ နဲ့ နိုင်ငံတကာအဖွဲ့အစည်းရှေ့မှောက်မှာ အရေးယူပေးဖို့ကိုလည်း တိုက်တွန်းသလို ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါက်တာ မိုဟာမတ်ယူနွတ်စ်အနေ နဲ့ ဌာနေတိုင်းရင်းသားအခွင့် အရေးကိုလေ့စားလိုက်နာဖို့နဲ့ အတိုင်းအတာတစ်ခုထိ ဘင်္ဂလားဒေ့ရှ် စစ်တပ်အနေ နဲ့ တောင်တန်းဒေသကဆုတ်ခွါပြီးတော့UNDRIP(Article – 3) အရ Chittagong Hill Tracts Peace Accord – ၁၉၉၇ခုနှစ် ကတိကဝတ်အတိုင်း တောင်တန်းနယ်အမျိုးသားတွေ ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို လေ့စားတန် ဖိုးထားပြီးတော့ ကိုယ်ပိုင်စီမံဆုံးဖြတ်အုပ်ချုပ်ပိုင်ခွင့် လုပ်ငန်းစဉ်တွေကို အ ကောင်အထည်ဖော်ဆောင်ပေးဖို့ကိုလည်း ရခိုင်ပြည်ကျောင်းသား သမဂ္ဂက အနေ နဲ့ သတိပေး တောင်းဆိုတယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် လက်ရှိ အဓမ္မပြုကျင့်ခံရတဲ့ ၈ တန်းကျောင်းသူ မရမာလူမျိုးအ တွက် အမှုမှန်ပေါ်ပေါက်ရေး၊တရားမျှတမှု ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသားလူငယ် ပြည်သူတွေနဲ့ အတူ ရခိုင်ပြည်ကျောင်းသား သမဂ္ဂက အနေ နဲ့ လည်းဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုထားပါတယ်။





mm99zone… seems like another one of those gaming spots. Anyone had any luck there? Heard some ok things, but always a bit wary. Worth a look maybe? Decide for yourself: mm99zone
Alright, listen up! Hitclubvips is bringing the heat! Love the vibe and the exclusive feel. If you’re looking to up your game, this is your place. hitclubvips
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.com/en/register?ref=JHQQKNKN