အာရက္ခတပ်တော်ပူးပေါင်းတပ်တွေ နဲ့ စစ်ကော်မရှင်တပ်တို့ဟာ နတ်ရေကန်ဗျူဟာစခန်း အနီးဝန်းကျင်မှာ ဒီနေ့မနက်ပိုင်ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အာရက္ခတပ်တော် ပူ းပေါင်းတပ်တွေဟာ ဒီနတ်ရေကန်ဗျူဟာစခန်းအတွက် အဓိကပြင်ဆင်ထားတဲ့ စစ်ကော်မရှင် ရဲ့ ဂုတ်ကြီးကျေးရွာ အခြေစိုက်ကာကင်း တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဂုတ်ကြီးကျေးရွာ စခန်းအတွင်းက အသက်ရှင်လျှက်ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ နတ်ရေကန်ဗျူဟာအတွင်းမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ အာရက္ခတပ်တော် ပူးပေါင်းတပ်တွေ ရဲ့ ထိုးစစ်တွေကို ပြန်လည်ခုခံတိုက်ခိုက်တာ်တွေ လုပ်ဆောင်နေတဲ့ အတွက် အဲဒီအနီးဝန်းကျင်က နေရာတွေမှာ ဒီနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေဖြစ်တယ်လို့ အဲဒီစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“နှစ်ဖက်လုံးကတော့ ထိုးစစ် ခံစစ်တွေ နဲ့ သွားနေတယ်။အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကတော့ ပြန်ဆုတ်တာမရှိသေးဘူး စစ်ကော်မရှင်တပ်ကတော့ သူတို့ ထိခိုက်ပြီဆိုရင် နတ်ရေကန်ဗျူဟာထဲကို ခဏဆုတ်သွားတာတွေ ရှိ အဲဒီအချိန်မှာ လေကြောင်း ၊ဒရုန်းသုံးပြီးတော့ တပ်တွေကို ပြန်စုပြီးတော့ ပြန်လာတိုက်တာတွေကိုလုပ်နေတယ်။တိုက်ပွဲက တော်တော်ပြင်းထန်နေတော့ အထိအခိုက်ကိုတော့ မသိရဘူး”လို့ သူကပြောပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော်ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးကျေးရွာ အခြေစိုက်ကာကင်းစခန်းဟာ ဒီနတ်ရေကန်ဗျူဟာကုန်းစခန်း ကို အာရက္ခတပ်တော်ပူးပေါင်းတပ်တွေမသိမ်းပိုက်နိုင်ရေး အတွက်အဓိက အရေးပါတဲ့ ကာကင်းစခန်းတစ်ခုဖြစ်တာကြောင့် ဒီစခန်းကို ပြန်လည် သိမ်းပိုက်ရရှိနိုင်ဖို့ အတွက် စစ်ကော်မရှင်ဘက်က ကြိုးစားလုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်ရဲ့ ဂုတ်ကြီးကျေးရွာ အခြေစိုက်ကာကင်း တပ်စခန်းကို အာရက္ခတပ်တော်ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးတဲ့ နောက်မှာ ပဒါန်းမြို့မှာ ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို နတ်ရေကန်ဗျူဟာစခန်းတွေကို ဆက်တိုက်ပို့ဆောင်နေတာတွေလည်း ရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။
“ဂုတ်ကြီးကို ၂၈ ရက်နေ့ ညနေမှာ သိမ်းပိုက်တော့ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်က ပဒါန်းမြို့မှာစုထားတဲ့ တပ်ဖွဲ့တွေကို ကားတွေ နဲ့ ဆက်တိုက်ပို့တယ်။အင်အားကတော့ တော်တော် များတယ် မနေ့ကထိ ဆက်ပြီးတော့ပို့နေတာတွေ ရှိတယ်။လေကြောင်းကလည်း ဒီဂုတ်ကြီးကို သိမ်းပြီးတဲ့ နောက်မှာ တော်တော်လာတယ် သူတို့ကလည်း ဒီ ဂုတ်ကြီးစခန်းကို ပြန်ရဖို့ကြိုးစားနေတာ ဒီကလည်း မြေပြင်မှာ လုံးဝမလျှော့ဘဲ ရှေ့ချည်းထိုးလာတော့ ဘာမှလုပ်မရတဲ့ အ နေအထားဖြစ်နေတာ”လို့လည်း အဲဒီစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ စစ်မှုထမ်းအတင်းစုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတဲ့ အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာ တိုက်ပွဲ အတွင်းကနေ ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းက စစ်ကော်မရှင် ရဲ့ အနောက်ပိုင်းတိုင် စစ်ဌာနချုပ် နပခ ကိုအပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ ရခိုင် နဲ့ မကွေးကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်းကားလမ်းမ တလျှောက်မှာ ရှိတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီ အမ်း – ပဒါန်းကားလမ်းမတလျှောက်မှာ ရှိတဲ့ စစ်ကော်မရှင်ရဲ့ တပ်စခန်း ၁၀ ခုထက်မ နည်းကို သိမ်းပိုက်ရရှိထားနိုင်ပြီလည်း ဖြစ်ပါတယ်။
သတင်း – မြတ်သူ။





So, I logged into phwin777login and gave it a spin. It’s pretty straightforward, nothing too fancy, but gets the job done. If you lookin for some quick bets, Check it out! phwin777login
Jljl3login- alright, got my login sorted easy enough. Now onto the fun part- lets see what this place has to offer! Gonna explore all day haha. jljl3login