Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်ကော်မရှင်က လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ သေဆုံးတဲ့ ပြည်သူ ၅၀၀ နီးပါရှိလာ

စစ်ကော်မရှင်က လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ သေဆုံးတဲ့ ပြည်သူ ၅၀၀ နီးပါရှိလာ

90
2
ပုံ - ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်တော်မြို့ သရက်တပင်ကျေးရွာ ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်း ၂ ကျောင်း ပျက်စီးသွားခဲ့ရတဲ့ မြင်ကွင်း။

Coastal News Agency

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရခိုင်မှာ စစ်ကော်မရှင်တပ်က လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၀၀ နီးပါးထိသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ AAPP ရဲ့ အောက်တိုဘာ (၁) ရက်နေ့ ထုတ်ပြန်ချက်စာရင်းတွေ အရ သိရပါတယ်။

AAPP ရဲ့ အောက်တိုဘာ (၁) ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းလုံးမှာ စစ်ကော်မရှင်က လက်နက်ကြီး ၊လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်းဟာ ၃၀၂၃ ဦးထိ ရှိခဲ့ပြီးတော့ အဲဒီထဲက ပထမသေဆုံးမှု အများဆုံးကတော့၊စစ်ကိုင်းတိုင်းထဲမှာ ၈၉၃ ဦး နဲ့ အများသေဆုံးမှု အများဆုံးဖြစ်ပြီးတော့ ဒုတိယသေဆုံးမှု အများဆုံးကတော့ ရခိုင်မှာ သေဆုံးသူ ၄၉၃ ဦး ထိရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီနိုင်ငံတဝန်းသေဆုံးသူ ၃၀၂၃ ဦးထဲမှာ သေဆုံးသူ အမျိုးသမီး ၁၃၇၀ ဦး နဲ့ သေဆုံးသူ အမျိုးသား ၁၆၅၃ ဦးရေရှိပြီးတော့ ဒီထဲက ၆၄၇ ဦးကတော့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ စစ်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မစောင့်ထိန်းဘဲ စစ်ရေးပစ်မှတ်များမဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာကျေးရွာ၊ ရပ်ကွက်တွေ နဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းတွေ၊ ကလေးငယ်တွေ အများဆုံးရှိနေတဲ့ စာသင်ကျောင်းတွေ နဲ့ ဆေးရုံဆေးခန်းတွေပါမကျန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် နိုင်ငံတဝန်းလုံမှာ နေ့စဉ်ဆိုသလို အရပ်သားပြည်သူ သေဆုံးမှုတွေဟာ မြင့်တက်နေတာ နဲ့ အရပ်သားတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေ များစွာပျက်စီးတာတွေလည်း ရှိနေတယ်လို့ AAPP က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုတွေကိုလည်း ဖြတ်တောက်ထားတဲ့ အတွက် အရပ်သားပြည်သူတွေဟာ အစာအဟာရဖူလုံမှုမရှိတာ၊ကျန်းမာရေး စောင့် ရှောက်မှုအတွက် လုံလောက်တဲ့ဆေးဝါးကုသမှုတွေမရတာ အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုမရှိတာတွေ နဲ့ ရင်ဆိုင်ပြီးတော့ နေရပ်ကိုစွန့်ခွါထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here