Home သတင်း စစ်ရေး မောင်တောမှာ အကြမ်းဖက် ARSA အဖွဲ့က မွတ်ဆလင်မဟုတ်တဲ့ ခရီးသွားပြည်သူ ၃ ဦးကိုမိုင်ဆွဲတိုက်ခိုက်လို့ ၁ ဦးထိခိုက်ဒဏ်ရာ

မောင်တောမှာ အကြမ်းဖက် ARSA အဖွဲ့က မွတ်ဆလင်မဟုတ်တဲ့ ခရီးသွားပြည်သူ ၃ ဦးကိုမိုင်ဆွဲတိုက်ခိုက်လို့ ၁ ဦးထိခိုက်ဒဏ်ရာ

99
4

Coastal News Agency

မောင်တောမြို့အတွင်းမှာ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့က မွတ်ဆလင်မဟုတ်တဲ့ ခရီးသွားဒေသခံပြည်သူ ၃ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အတွက် ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ မောင်တောဒေသခံ တွေကပြောပါတယ်။

ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်း မနက် ၉ နာရီလောက်က မောင်တောမြို့ လိပ်ရခွဆုံ နဲ့ သာယာကုန်းရွာ အကြားမှာ အကြမ်းဖက် ARSA အဖွဲ့က တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ မိုင်ဆွဲတိုက်ခိုက်တာကို ခံခဲ့ရတဲ့သူတွေကို မောင်တောမြို့ အောင်သာယာကျေးရွာက ခရီးသွားပြည်သူတွေ ဖြစ်ကြတဲ့ ကိုမင်းထွန်းအောင်၊ ကိုအာကာအောင် နဲ့ ကိုနိုင်နိုင်ကျော် တို့ဖြစ်ကြပြီးတော့ တောင်ပြိုကျေးရွာက နေ အောင်သာယာကျေးရွာသို့ ဆိုင်ကယ် နဲ့ အပြန် လိပ်ရခွဆုံ နဲ့ သာယာကုန်းရွာ အကြားအရောက်မှာ ဒီ ARSA အဖွဲ့တွေ ရဲ့ မိုင်းဆွဲတိုက်ခိုက်တာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကိုမင်းထွန်းအောင် မှာ နှဖူး နဲ့ ခြေထောက်တွေမှာ ဒဏ်ရာ အနည်း ငယ် ရရှိခဲ့ရပြီးတော့ ကျန်တဲ့ ၂ ဦးမှာတော့ ထိခိုက်ဒဏ်ရာ ရတာ မရှိခဲ့ဘူးလို့လည်း ဒေသခံ တွေကပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ဒီအကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်တွေ ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေဟာ ဒီနှစ်ပိုင်းတွေထဲမှာ မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို ပိုမိုလုပ်ဆောင်လာနေတာတွေ ရှိတဲ့ အတွက် ဒေသခံ တွေ အနေ နဲ့ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ မောင်တောဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“အရင်တုန်းကထက် ဒီနောက်ပိုင်းမှာ သူတို့က ဒီရခိုင်တိုင်းရင်းသားတွေကို တိုကခိုက်တာ ပိုလုပ်လာတယ်။အဲဒီတောင်ပြိုဘက်မှာဆိုရင်ပိုဆိုးတယ် တပ်တော် နဲ့လည်း အဲဒီအကြမ်းဖက်အဖွဲ့တွေ နဲ့ မကြာမကြာတိုက်ပွဲဖြစ်တယ် တောတောင်တွေထဲကို ဘယ်သူမှာ ဟင်းရှာမသွားရဲဘူး တောတွေ တောင်တွေမှာလည်း သူတို့တွေနဲ့တွေရင် ဖမ်းပြီးတော့ သတ်ပစ်တာ တော်တော် ရှိတယ် အရင်ကလည်းဈေးဝယ်လာတဲ့ ဒေသခံပြည်သူတွေကို အဲလို ခြုံခိုတိုက်ခိုက်တာ ခဏခဏ လုပ်တယ်လုံခြုံစိတ်ချပြီးသွားမရတဲ့ နေရာတွေဖြစ်တယ်”လို့ သူကပြောပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် ဟာ အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်တွေ ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကို ရှင်းလင်းသုတ်သင်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပေမယ့် ပြည်သူတွေဟာ အကြမ်းဖက် အဖွဲ့တွေ ရဲ့ ခြုံခိုတိုက်ခိုက်တာကို ဆက်တိုက်လုပ်ဆောင်ခံနေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း လုံခြုံရေးဆောင်ရွက်နေတဲ့ အာရက္ခတပ်တော်က ARSA အဖွဲ့သတ်ဖြတ်ပြီးတော့ စွန့်ပစ်ထားတဲ့ ဒေသခံ ပြည်သူ အလောင်း ၆ လောင်းကို မောင်တောမြို့နယ် အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာမှာ ရှိတဲ့ ငှက်ပျောတောအုပ်ထဲမှာတွေ့ရှိတာ ရှိခဲ့ပြီးတော့ ဒီအလောင်းတွေဟာ တမန်းသားရွာ နဲ့ ဒုံးညိုရွာတွေက ပျောက်ဆုံးနေတဲ့ ရွာသားတွေဖြစ်နိုင်တယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

သတင်း – ထက်ထက်သွယ်

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here