ရခိုင် နဲ့ ကယားအပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ လူငယ်ထက် ဝက်နီးပါးလောက်ဟာ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဒါမှမဟုတ် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ အရေးတကြီးပေးဖို့ လိုအပ်နေတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNDP Myanmar အနေ နဲ့ ဒီအစီရင်ခံစာကို မြန်မာနိုင်ငံတွင်းက ပညာရေး နဲ့ အလုပ်အကိုင်နယ်ပယ်အကြား ချိတ်ဆက်မှု ကင်းမဲ့နေတာတွေကို လေ့လာထားတာဖြစ်ပြီးတော့ ပဋိပက္ခဒေသဖြစ်တဲ့ ကယား နဲ့ ရခိုင်ကဲ့သို့နေရာတွေမှာဆိုရင် လူငယ်လေးပုံတစ်ပုံလောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတွေ ပိုများလာနေတာကို တွေ့နေရတယ်လို့ ဆိုထားပါတယ်။
ဥပမာအားဖြင့် ပြောရရင် ပဋိပက္ခဒေသဖြစ်တဲ့ ကယားပြည်နယ်ထဲမှာ လူငယ် လေးဦးမှာ သုံးဦးဟာသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဒါမှမဟုတ် လက် တွေ့လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေလိုအပ်နေတဲ့ အတွက် ဒီလိုအပ်ချက်တွေကို တောင်းဆိုနေကြတာတွေ့ရတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း အမျိုးသားတွေထက် အမျိုးသမီးငယ်တွေဟာလည်း အလုပ် အကိုင်ဈေးကွက်တွေမှာ မမျှမတခံရတာ ဖယ်ကျဉ်ခံရတာတွေရှိနေပြီးတော့ အမျိုးသမီးငယ် သုံးပုံတစ်ပုံလောက်ဟာလည်း အလုပ်လက်မဲ့ဖြစ်နေပြီးတော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အမျိုးသမီးငယ်ဟာ အလုပ်လက်မဲ့ ဖြစ်နေမှုဟာ အမျိုုးသားနူန်း ထက် နှစ်ဆကျော် ပိုများနေတာကိုလည်းတွေ့နေရတယ်လို့ ဆိုထားပါတယ်။
ဒီလိုအပ်ချက်တွေဟာ လူငယ်တွေအတွက် အလုပ်အကိုင်ရှာဖွေခြင်းထက်ကျော်လွန်ပြီးတော့ ၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်တွေတည်ထောင်လိုတာ ကိုယ်ပိုင်အလုပ်အကိုင် နဲ့ ရပ်တည်လိုတာ ဒေသတွင်းစီးပွားရေးတွေမှာပါဝင်လိုတာတွေအပြင် စွန့်ဦးတီထွင်လိုစိတ်တွေကို ပြသနေတာကိုလည်း တွေ့နေရပေမယ့် လက်ရှိမှာ ကျွမ်းကျင်မှု ဆိုင်ရာကွာဟချက်တွေကြောင့် လူငယ်တွေ အနေ နဲ့ ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်အတွက် အသင့်မဖြစ်နေသေးတာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုထားပါတယ်။
မြန်မာ နိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျ ဆင်းမှု နဲ့ လူမှုရေးပြဿနာတွေကြားမှာ လူငယ်တွေဟာ သင်ယူမှု နဲ့ အလုပ်အကိုင်ရရှိမှု လမ်း ကြောင်းတွေမရှိတာကြောင့် ဆိုးရွားစွာ ယိုယွင်းလာနေပြီးတော့ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူငယ်တွေကို ပြည်ပကို ရွှေ့ပြောင်းဖို့ တွန်းပို့နေရုံသာမကဘဲ နိုင်ငံအ တွင်းမှာလည်း ကိုယ်ပိုင်စွမ်းရည်တွေကို အကောင်အထည်မဖော်နိုင်ဘဲ ခြေ လှမ်းတွေ ရပ်တန့်ခံနေရတဲ့ အတွက် နောင်လာမယ့် မျိုးဆက်တစ်ခုလုံးရဲ့ အနာ ဂတ် နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ခြိမ်း ခြောက်နေတာကိုလည်း တွေ့နေရတယ်လို့ ဆိုထားပါတယ်။





Kg777app? Alright, alright, alright. Gave it a spin. Not bad for killin’ some time, y’know? Could use more free bonuses! Check it out: kg777app
MinesGameVN. Addicting little game. Be careful you don’t spend all day on it! Play if you dare minesgamevn.
Biabettelegram, has tons of updates about the latest deals and free plays. Also lots of discussions regarding the games. Keep an eye out here: biabettelegram