ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် သုံးဖွဲ့အုပ်ချုပ်ရေးဒေသ ဖြစ်တဲ့ မိုင်းယု (၁၀၅) မိုင်မှာ ကယ်ဆယ်ထိန်းသိမ်းထားတဲ့ ကျားဖြန့်ဝန်ထမ်း တရုတ်နိုင်ငံသား ၂ ဦးကို အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ပြန်လည်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီတရုတ်နိုင်ငံသား ကျားဖြန့်ဝန်ထမ်း ၂ ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မိုင်းယု (၁၀၅)မိုင် စစ်ဆေးရေးဂိတ်တခုအားဖြတ်သန်းချိန်မှာ အာရက္ခတပ်တော် -AA (မီးနဂါးစစ်ဒေသ) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့က စစ်ဆေးထိန်းသိမ်းထားခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၆ ရက်နေ့ မနက် ၈နာရီခွဲအချိန်လောက်မှာတော့ တရုတ် – မြန်မာ နယ်စပ်တစ်နေရာကနေတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဆက်ဆံရေးတာဝန်ခံတွေဆီကို ညီနောင် ၃ ဖွဲ့က လွဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ရက် နဲ့ ၁၀ရက်နေ့တွေမှာလည်း တရုတ်နိုင်ငံသား ကျားဖြန့်ဝန်ထမ်း (၁၁) ဦး နဲ့ အတူ ရဝန်ဒါနိုင်ငံသား နှစ်ဦးတို့ကိုလည်း တရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့တာလည်းရှိခဲ့ပါသေးတယ်။





Jiliasia888 and their slots. Anyone else find them addictive? My current go-to spot. You might like it too! jiliasia888.
Alright, đá gà fans, DAGADONC1’s got the real deal! Finally found a place that understands the passion. Check it out! đá gà đòn c1
Who doesn’t love a good bonus? Checking out bonusdoh2bet to see what they’ve got. Get your bonus: bonusdoh2bet
reference
battery bet login