Home လူ့အခွင့်အရေး နိုင်ငံကူးလက်မှတ်ကိစ္စပေါက်ကြားမှု နဲ့ အေအေ ကဖမ်းဆီးစစ်ဆေးနေတဲ့ ပလက်ဝဒေသခံကို ခံဝန် နဲ့ ပြန်လွှတ် ပေး

နိုင်ငံကူးလက်မှတ်ကိစ္စပေါက်ကြားမှု နဲ့ အေအေ ကဖမ်းဆီးစစ်ဆေးနေတဲ့ ပလက်ဝဒေသခံကို ခံဝန် နဲ့ ပြန်လွှတ် ပေး

101
5

Coastal News Agency

နိုင်ငံကူးလက်မှတ်ကိစ္စသတင်းပေါက်ကြားမှု နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် က ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်ခံနေရတဲ့ ပလက်ဝဒေသခံ တစ်ဦးကို ခံဝန် နဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပလက်ဝဒေသ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နဲ့ နီးစပ်သူတွေ ရဲ့ ပြောဆိုချက် အရ သိရပါတယ်။

အဲဒီလို နိုင်ငံကူးလက်မှတ်ကိစ္စသတင်းပေါက်ကြားမှု နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ဆီမှာ ဖမ်းဆီးစစ်ဆေးခံ နေရတဲ့သူကတော့ ပလက်ဝမြို့နယ်၊လက်စာကျေးရွာမှာ နေထိုင်နေတဲ့ ချင်းအမျိုးသား ဦးစနီအောင် (ခ)ဘွမ်ကန်ဖြစ်ပြီးတော့ စစ်ဆေးမှု ၂ ပတ်အကြာမှာ အာရက္ခတပ်တော်က ပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ဦးစနီအောင် (ခ)ဘွမ်ကန် ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပလက်ဝမြို့ ၊ဒလက်မေကျးရွာမှာ ရှိတဲ့ အာရက္ခတပ်တော် ရဲ့ နယ်မြေမှူးရုံး ဆင့်ခေါ်စာ နဲ့ ခေါ်ယူပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်လို့ ပလက်ဝဒေသ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နဲ့ နီးစပ်သူတစ်ဦးက အခုလို ပြောပြပါတယ်။

“သူ့ကို နယ်မြေမှူးရုံးက ဆင့်ခေါ်စာ နဲ့ ခေါ်ပြီးတော့ မြေပြင်ထက် အပိုအလို ပြောဆိုမှုရှိတာတွေကို စစ်ဆေးမေးမြန်းခဲ့တာဖြစ်တယ်။ကျန်တာတော့ ထွေထွေထူးထူးမရှိပါဘူး ။ အဓိကတော့ လူမျိုးရေး ပြသနာအသွင်ဆောင်တဲ့ စကားတွေ၊ပြီးတော့ နယ်မြေလုံခြုံရေး၊လေကြောင်းရန်ကာကွယ်ရေးအတွက် မပြောသင့်မပြောထိုက်တဲ့ ကိစ္စတွေကိုမပြောဖို့ အသိပေးခေါ်ယူပြောတဲ့ သဘောပါ အခုလည်း သူ့ကို ခံဝန်ကတိ နဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ”လို့ သူက ပြောပြပါတယ်။

ပြန်လွှတ်လာတဲ့ ဦးစနီအောင် (ခ)ဘွမ်ကန် ကိုခေါ်ယူစစ်ဆေးမှု အခြေအနေ အသေးစိတ်သိရှိနိုင်ဖို့ အတွက် CNA သတင်းဌာနက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ဒေသတွင်း သတင်းတွေ ရဲ့ ဖော်ပြချက် အရကတော့ ဦးစနီအောင် (ခ)ဘွမ်ကန် မှာ နေအိမ်ကို ကောင်းမွန်စွာ နဲ့ ပြန်လည်ရောက်ရှိနေပြီးဆိုပြီးတော့ ရေးသားဖော်ပြတာတွေကို တွေ့ရပါတယ်။

အာရက္ခတပ်တော်ဟာ တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှာ ပလက်ဝဒေသကို စစ်ကော်မရှင်တပ်တွေ လက်ထဲကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ပြန်လည်ထူထောင်ရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေး နဲ့ အုပ်ချုပ်ရေးစနစ်တွေကို အကောင်အထည်ဖော်ကာ လုပ်ဆောင်နေတဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။

သတင်း – ထက်ထက်သွယ်

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here