ရခိုင် နဲ့ မလေးရှားကို ပို့ဆောင်မယ့် အာရက္ခတပ်တော် (အေအေ)ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီရမိခဲ့ပြန်ပြီးလို့ စစ်ကော်မရှင်က ဒီနေ့ထုတ်သတင်းစာမှာ ထည့်သွင်းကာ စွက်စွဲ လာခဲ့ပြန်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးကတော့ ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိတဲ့ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တာလို့ စစ်ကော်မရှင် ရဲ့ စွပ်စွဲထုတ်ပြန်ချက်တွေမှာ ဆိုထားပါတယ်။
ဒီဖမ်းဆီးရမိမှုကို စစ်ကော်မရှင်အနေ နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ မလိုလားတဲ့ ပြည်သူတွေ ရဲ့သတင်းပေးပို့ချက် အရဆိုကာ ရှမ်းပြည်နယ်ကနေ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ကနေ တဆင့် ရခိုင်ပြည် နဲ့ မလေးရှားနိုင်ငံကိုပို့ဆောင်ဖို့ ရှိတယ်လို့ သတင်းပေးပို့လာခဲ့တဲ့ အတွက် လုံခြုံရေး အဖွဲ့တွေ ပိတ်ဆို့ရှာဖွယ်ရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါသေးတယ်။
မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ NISSAN CONDOR အမျိုးအစားရှိ ကားပေါ်မှာ ယာဉ်မောင်း အောင်ခန့်ကျော် နဲ့ ယာဉ်နောက်လိုက် ထက်ဝေဖြိုး တို့ကို က်စ် ၁၄၃၉ ကီလိုဂရမ် နဲ့ အတူ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီးတော့ သူတို့ နှစ်ဦးထွက်ဆိုချက် အရ စက်တင်ဘာ ၂၅ ရက်နေ့မှာ မူးယစ်ဆေးဝါးသယ်ယူဖို့ ချိတ်ဆက်နေတဲ့ ဇော်ဝင်းထွန်း နဲ့ ဆန်းထွန်းကျော် တို့ ၂ ဦးကိုလည်းထပ်မံဖမ်းဆီးရမိခဲ့ပြီးတော့ သူတို့ နှစ်ဦး ထွက်ဆိုချက်အရ အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉.၉၇ ဘီလီယံခန့်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်အတွင်းမှာ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန် ကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါသေးတယ်။
အဲဒီကနေတဆင့် ဖမ်းဆီးရမိသူတွေ ရဲ့ထုတ်ဖော်ပြောဆိုချက်တွေ အရ သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေကနေ မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါတွေကို စက်တင်ဘာ ၂၇ ရက်နေ့မှာ သုံးခွမြို့နယ် သမစိတ္တကျေးရွာအနီးမှာ ရှိတဲ့ နေအိမ်ဂိုဒေါင်တစ်ခုမှာ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့် နဲ့ ဂိုဒေါင်ပိုင်ရှင်ဖြစ်တဲ့ ကျော်နိုင် နဲ့ နောက်ထပ် ယာဉ်မောင်းနဲ့ ယာဉ်မောင်းအကူတွေကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာမူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူ ဖ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီး နဲ့ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က စွပ်စွဲထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိသူတွေ ရဲ့ ထွက်ဆိုချက်အရဆိုပြီးတော့ ဒီမူးယစ်ဆေးဝါးတွေကို ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း (ဖမ်းဆီးရန်ကျန်)က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသကနေ ရမည်းသင်းမြို့ကို တဆင့်ပို့ဆောင်ရမှာ ဖြစ်ပြီးတော့ ရမည်းသင်းမြို့ကနေ ရန်ကုန်မြို့ကို ဆက်လက်ပို့ဆောင်ပေးကြရမှာ ဖြစ်တယ်တယ်လို့ဆိုထားပါတယ်။
အဲဒီကနေ တဆင့် အာရက္ခတပ်တော် ရဲ့ စီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ ရဲဇော်(ဖမ်းဆီးရန်ကျန်) နဲ့ ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေလမ်းကြောင်း နဲ့ မလေးရှားနိုင်ငံ နဲ့ ရခိုင်ကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း သိရှိခဲ့ရတယ်လို့ စစ်ကော်မရှင်က ဆိုထားပါသေးတယ်။
အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော်ကို မူးယစ်ဂိုဏ်းအနေ နဲ့ ပုံဖော်ကာ ဖမ်းဆီနိုင်ဖို့ အတွက် ပြည်ပနိုင်ငံတွေ နဲ့ အင်တာပိုလ်အထိထိစာပို့ကာ ဖမ်းဆီးပေးဖို့ စာပို့တာတွေကို လုပ်ဆောင်နေတာတွေ ရှိနေပြီးတော့ တဖက်မှာလည်း သံတမန်အဆက်အသွယ်တွေကို ပျက်စီးလိုပျက်စီကြောင်း နဲ့ ဒီလို မဟုတ်မမှန်တဲ့ မူးယစ်ဆေးဝါးကိစ္စတွေ နဲ့ စွပ်စွဲနေတာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော် အနေ နဲ့ စစ်ကော်မရှင်ထုတ်ပြန်တဲ့ မူးယစ်ဆေးဝယ်ယူနိုင်တဲ့ ငွေကြေးအတိုင်းအတာလောက်ထိရှိခဲ့ရင် မူးယစ်ဆေးတွေကိုဝယ်ယူနေတော့မှာ မဟုတ်ဘဲ စစ်ကော်မရှင်က ပြည်သူတွေကို ဒုက္ခပေးနေတဲ့ လေယာဉ်တွေကို ပစ်ချနိုင်ဖို့ အတွက် လေယာဉ်ပစ်လက်နက်တွေကိုဝယ်ယူတော့မှာ ဖြစ်တယ်လို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။





**mind vault**
mind vault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Lodi291com is okay, decent selection of games. Could be better, but it’s reliable enough for a quick session. Worth a look if you’re bored. See for yourself lodi291com.
Yo, 12bet bong88! Been using this site for a minute now. Solid selection of games and the payouts are pretty quick. Definitely worth checking out if you’re looking for a reliable online platform. 12bet bong88
Got the 567rgamedownload and it was a piece of cake. Games seem alright. Giving it a whirl! Access it here: 567rgamedownload