အလှူငွေ ရရှိမှု မရှိတော့တာကြောင့် ရခိုင်က လွတ်မြောက်နယ်မြေတွေ မှာတန်းခိုးဆရာထွန်းအခလွတ်ပညာရေးစင်တာက ကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ စာသင်ကျောင်း ၅ ကျောင်းပိတ်ရမယ့် အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ တန်းခိုးဆရာထွန်းအခလွတ်ပညာရေးစင်တာ က ပြည်သူတွေကို အသိပေးလာပါတယ်။
အဲဒီလို ပိတ်ရတော့မယ့် အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းတွေက တော့ အမ်းမြို့နယ် အတွင်းမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၃ ကျောင်း နဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်း တို့ဖြစ်တယ်လို့ ဆိုထားပါတယ်။
“လက်ရှိမှာ အလှူငွေမရတော့တဲ့ အတွက် ကျောင်းတွေ လည်ပတ်ဖို့ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင်နေရပါတယ်။လက်ရှိအတိုင်းရှေ့ဆက်မယ်ဆိုရင် ကုန်ကျစ ရိတ်လျော့ချနိုင်ရေးအတွက် အမ်းစာသင်ကျောင်း (၃) ကျောင်းနှင့် ကျောက်တော်စာသင်ကျောင်းထဲက (၂)ကျောင်းကို (၁)လအတွင်းမှာအပြီးတိုင်ပိတ်သိမ်းရမယ့် အခြေအနေတွေမှာ ရှိနေတယ်”လို့ အသိပေးထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ တန်းခိုးဆရာထွန်းအခလွတ်ပညာရေးစင်တာအနေ နဲ့ ဒီကျော င်းတွေ ဆက်လက် လည်ပတ်နိုင်ရေး အတွက် လိုအပ်တဲ့ ငွေကြေး နဲ့ သင်ထောက်ကူတွေကို အကြွေးစနစ်တွေ နဲ့ ယူကာ လည်ပတ်နေရတာလည်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဒီကျောင်းတွေ ဖွင့်လှစ်လည်ပတ်နိုင်ရေး အတွက်ကို ပြည်တွင်းပြည်ပက အ လှူရှင်တွေ ရဲ့ ထောက်ပံ့မှုတွေလိုအပ်ချက်ရှိနေ သလို အလှူရှင်တွေ အ နေ နဲ့ ပါဝင် အကူအညီလှူဒါန်းပေးဖို့ကို တောင်းဆိုတယ်လို့လည်း တောင်းဆိုထားပါတယ်။
ဒီတန်းခိုးဆရာထွန်းအခလွတ်ပညာရေးစင်တာဟာ ရခိုင်က လွတ်မြောက်နယ်မြေ ၁၁ မြို့နယ်ထဲက ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားကျောင်း သူ ၂၈၆၃ ဦးထိကို အခလွတ်ပညာရေး အဖြစ်နဲ့ သင်ကြားပေးနေတဲ့ စင်တာတစ်ခုလည်း ဖြစ်ပါတယ်။





**mind vault**
mind vault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Alright Beephcasino, let’s be real. I’ve been around the block and this casino has some serious potential. Good game selection and seems legit. Give it a spin! beephcasino
Anyone used aaajililogin? Thinking of giving it a try, but curious about the community feedback. Let me know your thoughts! aaajililogin
Looking for something new? I’ve signed up with fb88free recently. Check out their special offers or bonuses to see if it suits you: fb88free.