Home သတင်း စစ်ရေး ရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေ ARSA အဖွဲ့က တိုက်ပွဲမှာ အာရက္ခတပ်တော်က အကျအရှုံးများနေတယ်လို့ ထုတ်ပြန်

ရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေ ARSA အဖွဲ့က တိုက်ပွဲမှာ အာရက္ခတပ်တော်က အကျအရှုံးများနေတယ်လို့ ထုတ်ပြန်

148
4

Coastal News Agency

အောက်တိုဘာလ ၈ ရက်နေ့ ညနေ အထိ အာရက္ခတပ်တော် နဲ့ အကြမ်းဖက် ARSA အဖွဲ့တွေဟာ ရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ အကြမ်းဖက် ARSA အဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပင် အာရက္ခတပ်တော် နဲ့ ARSA အဖွဲ့တွေဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးတာ ရှိခဲ့ပြီးတော့ ဒီမနက် ၉ နာရီ ၄၀ ဝန်းကျင်ကပင်လည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်တိုက်ပွဲ အတွင်းမှာ သူတို့အဖွဲ့ဖြစ်တဲ့ အကြမ်း ARSA အဖွဲ့ရဲ့ ဗျူဟာမြောက် အစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေကြောင့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုထွက်ပြေးသွားခဲ့ရပြီးတော့ အာရက္ခတပ်တော် ရဲ့ အလောင်း ၁၀ လောင်းကိုလည်း အကြမ်းဖက် ARSA အဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိ အကြမ်းဖက် ARSA အဖွဲ့ထုတ်ပြန်ထားသလို သူတိုရဲ့ လက်ချက်ကြောင့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့ထွက်ပြေးတာ နဲ့ သေဆုံးရှိမရှိဆိုတဲ့ အပေါ်မှာတော့ CNA က အတည်မပြုနိုင်ခဲ့သလို အာရက္ခတပ်တော် ပြေခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတွေ မရှိပါဘူး။

နယ်စပ်တစ်လျှောက်တိုက်ပွဲဖြစ်ပွါးနေမှု အခြေအနေကိုတော့ မောင်တောဒေသခံတစ်ဦးပြောတာက “မောင်တောမြို့မြောက်ပိုင်း မှာတော့ ARSA ကို အာရက္ခတပ်တော်က နယ်မြေရှင်းလင်းတာတွေ လုပ်နေတာတွေ ရှိပါတယ်။ထိတွေ့တိုက်ပွဲတွေလည်း မကြာမကြာဖြစ်တာတော့ ရှိတယ် အခု တိုက်ပွဲဖြစ်တာ နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်းတိတိကျကျတော့မသိဘူး ဒါပေမယ့် အာရက္ခတပ်တော်က ထွက်ပြေးပြီး အလောင်း တဟ်ဆယ်ကျော်အထိသိမ်းဆည်း ရမိတယ်ဆိုတာတော့ မဟုတ်လောက်ဘူးထင်တယ်”လို့ သူကပြောပါတယ်။

အကြမ်းဖက် ARSA အဖွဲ့တွေဟာ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ကို နည်းလမ်းမျိုးစုံ နဲ့ ဝင်ရောက်ကာ ရခိုင်ဒေသခံ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေကို လုပ်ဆောင်နေသလို တဖက်မှာလည်း အာရက္ခတပ်တော်ကို တိုက်ခိုက်နိုင်ဖို့ အတွက် အင်အား ၄၀၀၀ ခန့်လောက် နဲ့ ပြင်ဆင်နေတာရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်ကလည်း မောင်တောမြို့ လိပ်ရခွဆုံ နဲ့ သာယာကုန်းရွာ အကြားမှာ ခရီးသွားပြည်သူ ၃ ဦးကို အကြမ်းဖက် ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာ နဲ့ သေနတ် နဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိတာလည်း ရှိခဲ့ရပါတယ်။

4 COMMENTS

  1. Alright, so I checked out Gingabet and gotta say, it wasn’t bad. Easy enough to navigate and the games seemed solid. Nothing groundbreaking, mind you, but a decent place to throw down a few bets. Check ’em out: gingabet

LEAVE A REPLY

Please enter your comment!
Please enter your name here