Home သတင်း စစ်ရေး ကလေးသူငယ်တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မင်းတပ်မှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားမယ်

ကလေးသူငယ်တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မင်းတပ်မှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားမယ်

67
5

Coastal News Agency

စစ်ကော်မရှင်က ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ မင်းတပ်မြို့မှာ စာသင်ကျောင်းတွေကို ယာယီပိတ်ထားမယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ မင်းတပ် က မနေ့က အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက် ၇ နာရီမှာ မင်းတပ်မြို့ ၊ဝမ္မသူးကျေးရွာ နဲ့ ထင်ချောင်းကျေးရွာက စာသင်ကျောင်း ၂ ကျောင်း နဲ့ ဘော်ဒါဆောင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက်ကျောင်းသား ၃ ဦး နဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီးတော့ နောက်ထပ် ၁၀ ဦးကျော်ဟာလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

အဲဒီလို ကလေးသူငယ်တွေ နဲ့ စာသင်ကျောင်းတွေကို စစ်ကော်မရှင်က လေ ကြောင်းပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်လာနေတဲ့ အတွက် ကြားကာလ ပြည်သူ့အခြေပြုကျောင်းတွေအားလုံးကို ခေတ္တပိတ်ထားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေ နဲ့ လေကြောင်းတို က်ခိုက်ခံခဲ့ရတဲ့ နေရာတွေကို ကယ်ဆယ်ရေး နဲ့ ပြန်လည်ကုစားရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ မင်းတပ်မြို့အတွင်းမှာ ရှိတဲ့နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့သလို ပြည်သူ ပိုင်နေအိမ်တွေလည်း များစွာ ပျက်စီးတာ ရှိခဲ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ဆီမှာ စစ်ရေး အရှုံး နဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ သူတို့ လက်လွတ်ထားရပြီး တိုင်းရင်းသားလက်နက် ကိုင်တွေ အုပ်ချုပ်နေတဲ့ နေရာတွေကို ရွေးကောက်ပွဲ မတိုင်ခင်မှာ နယ်မြေပြန်ရလိုမှုတွေ နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြော င်းတိုက်ခိုက်တာတွေကို ဒီလပိုင်းတွေ အတွင်းမှာ ဆက်တိုက်လုပ်ဆောင်လာနေတာကိုလည်း တွေ့နေရပါတယ်။

5 COMMENTS

  1. В случае если вы продумываете поездку в Париж и стремитесь внедриться в среду реальных французских блошиных рынков, безусловно посетите блошиные рынки Парижа, такие как прославленный рынок на Монмартре. Там можно приобрести неповторимые вещи, а также испытать дух классического города. Вдобавок, не забудьте про бесплатные музеи Парижа, которые открыты в начальное воскресенье месяца — превосходная случай соприкоснуться с искусством без ненужных затрат.

    Для тех, кто хочет съездить в Версаль, целесообразно знать, как добраться до Версаля из Парижа — самый комфортный способ это электричка RER C. Обстоятельная информация и консультации по маршрутам доступны здесь чаевые в париже . К тому же настаиваю обратить внимание на зоны Парижа, особенно если актуальна безопасность: 15 округ и 16 округ признаются одними из самых надежных, а карта районов поможет навигировать оперативнее.

LEAVE A REPLY

Please enter your comment!
Please enter your name here