မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းမြို့အနီးမှာ ရှိတဲ့ နတ်ရေကန်တောင်ပေါ်က ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဒီမနက်မှာ ပြောပါတယ်။
ဒီ ဖိုက်တာစခန်းကုန်းဟာ နတ်ရေကန်တောင်ရှိလေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်းအတွက် အရေးပါတဲ့ စခန်းကုန်းတစ်ခုဖြစ်တဲ့ အတွက် စစ်ကော် မရှင်တပ်တွေဟာ အင်အားရာချီ နဲ့ လက်နက်ကြီး ၊ဒရုန်း အပြင်အထူးကွန်မန်ဒို တပ်သားတွေကိုပါထားကာ ခုခံစစ်အတွက် ပြင်ဆင်ထားတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလို စစ်ကော်မရှင်က ခုခံစစ်အထူးပြင်ဆင်ထားခဲ့ပေမယ့် အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာမြောက်ထိုးစစ်တွေကြောင့် စခန်းကုန်းတစ်ခုလုံးကို ဒီနေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို စစ်သုံ့ပန်းတချို့ နဲ့ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းပိုက်ရရှိနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီမနက်မှာ အကုန်သိမ်းပိုက်လိုက်ပါပြီ စစ်သုံ့ပန်းတွေလည်း ဖမ်းမိတာ ရှိတယ် လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိတယ် အခုကတော့ တိုက်ပွဲတွေက ဆက်ရှိနေတယ် စကစ ကတော့ လေကြောင်းတွေ ၊ဒရုန်းတွေ ၊ပါရာမော်တာတွေ နဲ့ အဲဒီနေရာကို ပြန်တိုက်နေတာတွေလည်းရှိတယ်။ မြေပြင်စစ်ကြောင်းကတော့ သိပ်ရှေ့ကိုတိုးမရဘူးလို့ သိထားရတယ် ပူးပေါင်းတပ်တွေကလည်း ထွက်ပြေးတဲ့ တပ်သားတွေကိုလည်းလိုက်လံရှင်းလင်းတာတွေကို ဆက်လုပ်နေတယ် “လို့ ဆိုပါတယ်။
တဖက်မှာလည်း ကျန်ရှိနေသေးတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ နတ်ရေကန်တောင်ရှိလေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်း အပါအဝင် စစ်ကော်မရှင်တပ်တွေ ရဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကသိမ်း ပိုက်ရရှိနိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပြီးတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာလည်း နတ်ရေကန်တောင်ရှိလေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်းအတွက် အရေးပါတဲ့ ဂုတ်ကြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ရှိပြီးတော့ လက်ရှိမှာတော့ နတ်ရေကန်တောင်ပေါ်က ဖိုက်တာစခန်းကုန်းဆက်လက်သိမ်းပိုက်လာနေတာလည်းဖြစ်ပါတယ်။
သတင်း – မြတ်သူ





**mindvault**
mindvault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Your point of view caught my eye and was very interesting. Thanks. I have a question for you.
S5onlinecasin, yeah, I’ve heard of it. A buddy of mine swears by it. Claims the payouts are decent and the interface is smooth. Might be worth checking out for a change of pace s5onlinecasin.
Just downloaded the 188bet app via cachvao188bet.net and it’s a game changer! So much easier to place bets on the go. Get yours: tải app 188bet
Been messing around on nn888 lately. Good selection of games. Seems legit so far. Join the fun here: nn888