
မိုးမိတ်မြို့ ဝဲဘောင်ကျေးရွာ စစ်ကော်မရှင်က လေကြောင်းက ပေါင် ၂၅၀ ဗုံး ၃ လုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး၂ ဦးအပါအ၀င် ပြည်သူလူထု၇ ဦး သေဆုံးခဲ့ရပြီးတော့ နောက်ထပ် ၈ ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဲဒီကျေးရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်မှာ တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွါးတာ မရှိဘဲ နဲ့ အခုလို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။



သေဆုံးတဲ့ သူတွေထဲမှာတော့ အမျိုးသား ၄ ဦး နဲ့ အမျိုးသမီ ၃ ဦး ပါဝင်ပြီးတော့ လူနေအိမ် ၁၀ လုံးဟာလည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ နဲ့ ဒီနေ့အောက်တိုဘာလ ၈ ရက်နေ့ တွေမှာ စစ်ကော်မရှင်တပ်ဟာ TNLA ထိန်ချုပ်ဒေသဖြစ်တဲ့ မိုင်းလုံ နဲ့ မိုင်းငေါ့မြို့ကို နှစ်ရက်ဆက်တိုက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား သေဆုံးသူ ၁၂ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦးထိရှိခဲ့ပါသေးတယ်။
နိုင်ငံ အနှံ့ စစ်ရေး အရှုံး နဲ့ နယ်မြေတွေ လက်လွှတ်ပေးထားရတဲ့ စစ်ကော်မရှင်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်းတွေ ထိန်ချုပ်ထားတဲ့ နယ်မြေတွေထဲမှာ နေထိုင်နေတဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဒီ၂၀၂၅ ခုနှစ် အတွင်းမှာ ပိုမိုလုပ်ဆောင်လာနေတာ ရှိနေပြီးတော့ ဒီလိုတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားပြည်သူ သေဆုံးမှုဟာနှစ်တိုင်းထက် ဒီနှစ်အတွင်းမှာ ၃ ဆကျော် အထိမြင့်တက်မှု ရှိလာနေတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ အနေ နဲ့ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် စစ်ရေးသတိ အမြဲရှိဖို့ နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLA တိုက်တွန်းပြောဆိုထားပါတယ်။




**mindvault**
mindvault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Thanks for sharing. I read many of your blog posts, cool, your blog is very good.
VSP777game! Classic vibes, man. Slots and stuff. Easy to get into, but be careful, it can be a time sink! Find it here vsp777game.
VN123vip? Nghe cái tên là thấy sang xịn mịn rồi đó. Không biết chất lượng thế nào, nhưng mà cứ vào thử xem sao. Biết đâu lại vớ được món hời. Let’s go vn123vip!
I’ve been trying my luck with Bigbet88 lately, and it’s a decent spot for some quick fun. They’ve got alright selection and they pay out ok. Check it out yourself: bingbet88