အာရက္ခတပ်တော် – အေအေ နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဟာ ၁၆ ကြိမ်အထိရှိလာနေပြီးဖြစ်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကစွပ်စွဲပြောဆိုလာပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာရက္ခတပ်တော် – အေအေ နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဟာ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်၊၂၀၁၉ ခုနှစ်မှာ လေးကြိမ်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ်၊၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ်၊ ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် စုစုပေါင်း ၁၆ ကြိမ်ဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ဒီဖမ်းဆီရမိတဲ့ ၁၆ ကြိမ်ရဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုးဟာ ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံရှိတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် – အေအေ အနေ နဲ့ ဒီမူးယစ်ဆေးဝါးကို ကုန်ကူး ရောင်းချနိုင်ဖို့အတွက် ပမာဏ နည်းနည်းကနေပြီးတော့ ကြီးမားတဲ့ ပမာဏ အထိသယ်ဆောင်လုပ်ကိုင်တာမျိုးကိုလည်းတွေ့ရတယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က စွပ်စွဲပြောဆိုထားပါသေးတယ်။
“ မူးယစ်ဆေးဝါးကို အဓိက ကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏနည်းနည်းလေးကနေပြီး ကြီးမားတဲ့ ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေတာမျိုး တွေ့ရပါတယ်။ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ရဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် ဒီ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းတွေကို လုပ်နေရတာ ဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်”လို့ သူက စွပ်စွဲပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလောက်များတဲ့ ပမာဏကို ကြည့်ရင် ဘယ်လောက် အန္တရာယ်များကြောင်း တွေ့နိုင်မှာ ဖြစ်ပြီးတော့ အာရက္ခတပ်တော်ဟာ ရခိုင်က သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာတွေကို ဘယ်အတိုင်း အတာထိ မူးယစ်ဆေးတွေ ပို့ဆောင်နေတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်တယ်လို့လည်း စွပ်စွဲပြောဆိုထားပါသေးတယ်။
အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ကော်မရှင်အနေ နဲ့ အာရက္ခတပ်တော်ကို မူးယစ်ဆေးဝါး နဲ့ ပတ်က်ပြီး အခုလိုစွပ်စွဲပြောဆိုနေတာဟာ အာရက္ခတပ်တော် အနေ နဲ့ သံတမန်ရေးအရ တရားင် အဆက် အသွယ်မလုပ်နိုင်အောင် နဲ့ နိုင်ငံတကာက မူးယစ်ဆေးအဖွဲ့အနေနဲ့ မြင်လာအောင် ပုံဖော်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ သူတို့ပိုင်ဆိုင်တဲ့ သတင်းစာတွေကပဲစွပ်စွဲပြောဆိုတာမဟုတ်ဘဲ တချို့နိုင်ငံတွေ နဲ့ အင်တာပိုထိစာပို့ပြီးတော့ ဖမ်းဆီးလုပ်ဆောင်တာတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောဆိုထားပါတယ်။





**mind vault**
mind vault is a premium cognitive support formula created for adults 45+. It’s thoughtfully designed to help maintain clear thinking
Lucky67 is pretty cool! Good way to spend some downtime. I’ve had some good experiences so far! Give it a shot at: lucky67
Okay, jjwinlogin makes it so easy to jump right into the games. The login process is a breeze. I’m all about it! jjwinlogin
Looking for some Khelostar action. Heard the bonus is pretty sweet. Let’s hope the deposit is worth it. You can find me on khelostar