Home သတင်း စစ်ရေး သံတွဲ နဲ့ ကျောက်ဖြူက ဒေသခံရေလုပ်သား ၂၀ ကျော်ကို စစ်ကော်မရှင် ရေတပ်က ဖမ်းဆီးထား

သံတွဲ နဲ့ ကျောက်ဖြူက ဒေသခံရေလုပ်သား ၂၀ ကျော်ကို စစ်ကော်မရှင် ရေတပ်က ဖမ်းဆီးထား

5596
0

Coastal News Agency

သံတွဲမြို့ နဲ့ ကျောက်ဖြူမြို့တွေက ဒေသခံ ရေလုပ်သား ၂၀ ကျော်ကို စစ်ကော်မရှင် ရဲ့ ရေတပ်က ဖမ်းဆီးထားတယ်လို့ အာရက္ခတပ်တော်က ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒီလို အရပ်သား ၂၀ ကျော်ဖမ်းဆီးမှုကို စစ်ကော်မရှင်ရေတပ်က စက်တင် ဘာလ နဲ့ အောက်တိုဘာလတွေမှာ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက ကမ်းနီးငါးဖမ်းနေတဲ့ ဒေသခံရေလုပ်သား ၄ ဦးကို စစ်ကော်မရှင် ရဲ့ ရေတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့ သူတွေကတော့ ဆတ်လည်မျှော်ကျေးရွာက အသက် ၅၁ နှစ်အရွယ် ဦး‌မောင်ကို ၊အသက် ၄၂ နှစ်အရွယ် ဦးကျော်ဝေသန်း၊အသက် ၅၀ အရွယ် ဦးဖိုးနီ နဲ့ အသက် ၃၉ နှစ် အရွယ် ဦးညီညီ တို့ဖြစ်ကြပါတယ်။

လက်ရှိအောက်တိုဘာလ ၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ဆားပြင်ကွင်း ရပ်ကွက်က ဒေသခံရေလုပ်သား ၂၀ ကျော်ကို စစ်ကော်မရှင်ရေတပ်က အကြောင်းမဲ့သက်သက်ဖမ်းဆီးသွားတာလည်းရှိခဲ့သေးတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါသေးတယ်။

ရခိုင်စစ်မြေပြင်မှာ စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင် ပင်လယ်ပြင်ကမ်းနီးမှာ တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ဒေသခံရေလုပ်သားတွေကို ဖမ်းဆီးတာ နဲ့ သတ်ဖြတ်တာတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြုလုပ်လာနေတာကိုတွေ့နေရတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင် ရဲ့ စစ်သင်္ဘောတွေဟာ သံတွဲ နဲ့ ကျောက်ဖြူက ပင်လယ်ပြင်တွေမှာ အခြေချနေထိုင်နေပြီးတော့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် ပင်လယ်ကမ်းနီးမှာရှိနေတဲ့ မြို့၊ ရွာတွေက ပြည်သူတွေ အနေ နဲ့ စစ်ကော်မရှင် ရဲ့ ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုကို သတိထားနေထိုင်ကြဖို့ လိုအပ်သလို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်းပြည်သူတွေ အနေ နဲ့ အထူးသတိထားကြဖို့ နဲ့ စစ်ရေးသတိအမြဲရှိဖို့ကို အာရက္ခတပ်တော်က အသိပေး တိုက်တွန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here