Home သတင်း စစ်ရေး ARSA တိုက်ခိုက်ခံရလို့ မောင်တောမှာ အရပ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ARSA တိုက်ခိုက်ခံရလို့ မောင်တောမှာ အရပ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရ

152
0

Coastal News Agency

အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် မောင်တောမြောက်ပိုင်းမှာ အရပ်သား ၁ ဦးသေဆုံးပြီးတော့ ၂ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ မနေ့က အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA /AA က ထုတ်ပြန်ပြောဆိုထားတာပါ။

သေဆုံးသူကတော့ အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းချမ်းဖြစ်ပြီးတော့ ဒဏ် ရာ ရရှိခဲ့တဲ့သူ ၂ ဦးကတော့ အသက် ၂၃ နှစ်အရွယ် ကိုသောင်းဇင် နဲ့ အ သက် ၃၃ နှစ်အရွယ် ကိုနိုင်လင်းတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးဟာ ရိုးရိုးသာမန် ကယ်ရီသမားတွေ ဖြစ်ကြပြီးတော့ နံသာတောင် ကနေ ပြီးတော့ ကြိမ်ချောင်းသို့ လူသုံးကုန် ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးနေချိန် လိပ်ရခွဆုံတောင်ဘက် မီတာ ၂၀၀ အကွာအရောက်မှာ အကြမ်းဖက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒဏ်ရာ ရရှိသွားတဲ့ သူ ၂ ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုသောင်းဇင် နဲ့ အ သက် ၃၃ နှစ်အရွယ် ကိုနိုင်လင်းတို့ကတို့ ထွက်ပြေးလာခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရပြီးတော့ အာရက္ခတပ်တော်က ဆေးကုသပေးထားတာကြောင့် လက်ရှိအချိန်ထိ အသက်ရှင်နေသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း ဒီလိပ်ရခွဆုံအနီးမှာ ဒေသခံခရီးသွားပြည်သူ ၃ ဦးကို အကြမ်းဖက် ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် တစ်ဦးထိခိုက်ဒဏ်ရာ ရတာလည်း ရှိခဲ့ပါသေးတယ်။

ဒီအကြမ်းဖက် ARSA အဖွဲ့တွေဟာ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှော က်ကို နည်းလမ်းမျိုးစုံ နဲ့ စိမ့်ဝင်ပြီးတော့ မွတ်ဆလင်မဟုတ်တဲ့ ရခိုင်ဒေသခံ ပြည်သူတွေကို နည်းလမ်းမျိုးစုံ နဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျူးလွန် နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း မောင်တောနယ်စပ်မှာ လုံခြုံ ရေးဆောင်ရွက်နေတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့ အ ထက်အင်းချောင်းဝကျေးရွာ ရဲ့ အနောက်မြောက်ဘက် မီတာ ၇၇၀ ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ အကြမ်းဖက် ARSA အဖွဲ့က သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်း ၆ လောင်းကိုလည်း တွေ့ရှိခဲ့တာ ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here