Home လူ့အခွင့်အရေး အကြမ်းဖက် ARSA ,RSO အဖွဲ့ကို AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာတော်လှန်ရေးအဖွဲ့လို့ သုံးနူန်းလာ

အကြမ်းဖက် ARSA ,RSO အဖွဲ့ကို AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာတော်လှန်ရေးအဖွဲ့လို့ သုံးနူန်းလာ

197
0

Coastal News Agency

ရခိုင်ပြည်မြောက်ပိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက် ARSA , RSO အဖွဲ့ဟာ မွတ်ဆလင်ရိုဟင်ဂျာတော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တယ်လို့ Arakan Institute For Peace and Human Rights – AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင်က သူ့ရဲ့ လူမှုကွန်ယက်ကနေ တဆင့်ထုတ်ပြောလာခဲ့ပါတယ်။

AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင် ပြောဆိုထားတာက “ခင်ဗျားတို့ ဘယ်လိုလဲဗျ ? ရိုဟင်ဂျာတော်လှန်ရေးသမားတွေကို စစ်​သွေးကြွတဲ့၊ ခင်ဗျားတို့က ဘာကြွတာလဲ၊ ဆေးကြွတာလား။ သူများကိုကျ​တော့ အစ္စလာမစ်အစွန်း​ရောက်၊ခင်ဗျားတို့က ဘာအစွန်း​ရောက်လဲ၊ လူမျိုး​ရေးအစွန်း​ရောက်လား၊ ဘာသာ​ရေးအစွန်း​ရောက်လား။ နိုင်ငံ​ရေး၊ စစ်​ရေးမှာ လူမျိုး​ရေး၊ ဘာသာ​ရေး မရှိဘူး၊ယုံကြည်ချက်နဲ့ ခံယူချက်ဘဲ ရှိတယ်”လို့ သူကပြောဆိုထားတာပါတာ။

အခုလိုပြောဆိုချက်ကို AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က အကြမ်းဖက်အဖွဲ့တွေ ဖြစ်တဲ့ ARSA ,RSO ရဲ့ နယ်စပ်ဖြတ်ကျော်ပြီး စစ်ရေးလှုပ်ရှားမှု အခြေအနေ နဲ့ ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ARSA , RSO အစ္စလာမစ်အစွန်း​ရောက် အဖွဲ့လို့ သုံးနူန်းထားတဲ့ အပေါ်မှာ တုန့်ပြန်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိ AiPHA အဖွဲ့ ဥက္ကဌ ဦးရွှေမောင် ပြောဆိုထားတဲ့ ARSA နဲ့ RSO အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ နိုင်ငံတကာအစိုးရတွေ၊ အာဆီယံနိုင်ငံတွေက ပါ သတ်မှတ်ထားတာဖြစ်သလို ရခိုင်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေကလည်း ဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေလို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် အနေ နဲ့ တော်လှန်ရေးသမားလို့ခံယူထားတယ်ဆိုရင် လက်ရှိ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ ARSA နဲ့ RSO အဖွဲ့တွေကိုလည်း တော်လှန်ရေးအဖွဲ့လို့ သတ်မှတ်ရမှာ ဖြစ်ပြီးတော့ ဒီ ARSA နဲ့ RSO အဖွဲ့တွေဟာ အာရက္ခတပ်တော် တစ်ခုတည်းကိုတော်လှန်နေတာ မဟုတ်ဘဲ မွတ်ဆလင်ရိုဟင်ဂျာတွေအတွက် မြန်မာစစ်တပ်ကိုပါ နှစ်ထပ်ကွမ်းတော်လှန်နေတာဖြစ်တယ်လို့လည်း ဦးရွှေမောင်က ဆိုထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here