Home ဓါတ်ပုံသတင်း မာန်အောင်မှာ RNP ပါတီက ပါတီစည်းရုံးရေး နဲ့ ပါတီဆိုင်းဘုတ်ထောင်တာတွေ စတင်လုပ်ဆောင်

မာန်အောင်မှာ RNP ပါတီက ပါတီစည်းရုံးရေး နဲ့ ပါတီဆိုင်းဘုတ်ထောင်တာတွေ စတင်လုပ်ဆောင်

162
4

Coastal News Agency

ရခိုင်တိုင်းရင်းသားများပါတီဖြစ်တဲ့ (RNP) ပါတီက မာန်အောင်မြို့နယ် အတွင်းမှာ စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပါတီစည်းရုံးရေး လုပ်ဆောင်တဲ့ နဲ့ ပါတီဆိုင်ဘုတ်ထောင်တာတွေကို စတင်လုပ်ဆောင်နေပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီရခိုင်တိုင်းရင်းသားများပါတီဖြစ်တဲ့ (RNP) ပါတီ ကို ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဘရှိန် က တည်ထောင်ထားတာ ဖြစ်ပြီးတော့ လာမယ့် စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ကိုယ်စားပြုပါတီတစ်ခု အနေ နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲ အပိုင်း ၁ မှာ ရခိုင်က သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ် တွေမှာ ကျင်းပသွားမယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

တဖက်မှလည်း မာန်အောင်ကလွဲရင် ကျောက်ဖြူ နဲ့ စစ်တွေမြို့တွေမှာ စစ်ကော်မရှင်တပ်တွ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာတွေ ရှိနေတဲ့ အတွက် ဒေသခံပြည်သူတွေဟာ သူတို့ကျင်းပမယ့် ရွေးကော က်ပွဲကို စိတ်ဝင်စားမှုနည်းနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here