Home လူမှုစီးပွါးရေး စစ်ကော်မရှင်က ဖွင့်ပေးတဲ့ မာန်အောင်ဖုန်းလိုင်း နေရာတချို့မှာသာဖုန်းလိုင်းရပြီး အင်တာနက်သုံးမရ

စစ်ကော်မရှင်က ဖွင့်ပေးတဲ့ မာန်အောင်ဖုန်းလိုင်း နေရာတချို့မှာသာဖုန်းလိုင်းရပြီး အင်တာနက်သုံးမရ

107
4

Coastal News Agency

ပြီးခဲ့ တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင် ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖွဲ့ မာန်အောင်ကို ရွေးကောက်ပွဲ ကိစ္စနဲ့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာ ဖြတ်တောက်ထားတဲ့ ဖုန်းလိုင်းကို ပြန်လည် ဖွင့်လှစ်ပေးမယ့်လို့ စစ်ကော်မရှင် ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဒေသခံပြည်သူတွေကို ကတိပေးပြောဆိုခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ မာန်အောင်မြို့နယ် အတွင်းက ကျေးရွာတချို့မှာ MPT ဖုန်းလိုင်းတချို့ဟာ ရရှိခဲ့တာ ရှိခဲ့ပေမယ့် အင်တာနက်ကိုတော့ အသုံးပြုလို့ မရဘူးလို့ မာန်အောင်ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဖုန်းလိုင်းကတော့ မာန်အောင်မြို့ထဲမှာရပါတယ် မြို့ရဲ့ အနီးဝန်းကျင်က ကုန်းတန်း၊ပုန်းဆိုးကြီး၊ကုန်ခင်၊ငအင်း ဘုရားကြီးကုန်းလောက်ထိရတယ် နယ်ဘက်ကရွာတွေကတော့မရသေးဘူး သစ်ပုံမှာ ရှိတဲ့ တာဝါတိုင်ကိုလည်းလုပ်နေတာတော့ တွေ့တယ် မရသေးဘူး။အင်တာနက်ကတော့ ဖွင့်မပေးတာဖြစ်မယ် ဖုန်းလိုင်းတက်ပေမယ့် အင်တာနက်က မတက်ဘူး”လို့သူကပြောပါတယ်။

တဖက်မှာလည်း ဒီလို ဖုန်းလိုင်းတွေ ပြန်ရလာတာ နဲ့ အတူ မာန်အောင်မြို့နယ်အတွင်းမှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ငွေကျပ် ၆၀၀၀၀ ကနေ ၁၀၀၀၀၀ ထိပေးကာ ဈေးတင်ရောင်းချတာတွေ ရှိနေတယ်လို့လည်း မာန်အောင်ဒေသခံ တွေကဆိုကြပါတယ်။

“ဆင်းကဒ်တွေကတော့ ဈေးတက်တယ် ဖုန်းဆိုင်တွေမှာက အရင်ကျန်တဲ့ ကဒ်အဟောင်းတွေ ရှိတယ် အခု ထွေအုပ်က ပြန်ရောင်းချတဲ့ ကဒ်တွေရှိတယ် ပြည်သူတွေကတော့ ဖုန်းလိုင်းရတယ်ဆိုတော့ မာန်အောင်ရဲ့ ပြင်ပကို ရောက်နေကြတဲ့ မိသားစုတွေ နဲ့ ဆက်သွယ်ကြဖို့ အပြေးအလွှားဝယ်နေကြရတာပဲ။ဒီအခုဖုန်းလိုင်းကလည်း ဘယ်နေ့ ပိတ်မလဲတို့မသိဘူးပေါ့”လို့ သူကဆိုပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်တပြည်နယ်လုံးမှာ ရှိတဲ့ မြို့တွေကို ဖုန်းလိုင်းဖြတ်တောက်တာကိုလုပ်ဆောင်ခဲ့ပြီးတော့ မာန်အောင်မြို့နယ်မှာတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က စတင်ပြီးတော့ စစ်ကော်မရှင်က ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို စတင်ဖြတ်တောက်တာကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မာန်အောင်မြို့မှာ Mytel ဖုန်းလိုင်းတခုသာ ရံဖန်ရံခါ ဖုန်းပြောဆိုလို့ ရရှိခဲ့တာရှိခဲ့ပြီးတော့ ၂၀၂၅ ခုနှစ် နောက်ပိုင်းမှာတော့ ဘယ်ဖုန်းလိုင်းမှ ဖုန်းခေါပြောဆိုလို မရခဲ့တော့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ လောက်မှာတော့ ကြိုးဖုန်းလို့ခေါ်တဲ့ MEC ဖုန်းဆင်းကဒ်တွေကို စစ်ကော်မရှင်က အကန့်အသတ် နဲ့ထုတ်ကာ ငွေ ၁၅ သိန်းကျပ်နဲ့ ရောင်းချခဲ့တာ ရှိခဲ့ပြီးတော့ လက်ရှိမှာ အဲဒီဖုန်းတစ်ခု နဲ့သာ ပြည်တွင်းပြည်ပက မိသားစုတွေကို အဆက်အသွယ်လုပ်နေကြရတာဖြစ်ပါတယ်

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here