Home သတင်း စစ်ရေး ပွိင့် (၆၆၆) စခန်းသိမ်းတိုက်ပွဲအတွင်းက ရန်သူအလောင်း နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆို

ပွိင့် (၆၆၆) စခန်းသိမ်းတိုက်ပွဲအတွင်းက ရန်သူအလောင်း နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆို

133
0

Coastal News Agency

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာမှာရှိတဲ့ ပွိင့် (၆၆၆) စခန်းသိမ်းတိုက်ပွဲအတွင်းက ရန်သူအလောင်း နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က ဒီနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီ ပွိင့် (၆၆၆) စခန်း အနီးဝန်းကျင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေတာဟာ ရက်အတန်ကြာခဲ့ပြီးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၀၅) မိနစ်အချိန်မှာ အာရက္ခတပ်တော်က သုံးဖက်သုံးတန်ကနေ ထိုးစစ်ကိုအရှိန်မြှင့်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ၃ နာရီအကြာ အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်မှာ ဒီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း စစ်ရေး အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်တွေဟာ သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေအပါအဝင် မြို့အချိုကို ပြန်လည်သိမ်းပိုက်ရယူဖို့ ကြိုးစားနေတာတွေ ရှိနေသလို နောက်ထပ်စခန်းတွေကိုလည်း လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ခံစစ်တွေကို နိုင်ငံအနှံ့မှာ ဆင်နွဲနေတာတွေရှိနေပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ဟာလည်း ရခိုင် – ပဲခူးတိုင်းအစပ်၊ ရခိုင် – မကွေးတိုင်းအစပ် နဲ့ ရခိုင် – ဧရာဝတီတိုင်း အစပ်တွေက နှစ်ဖက်ရင်ဆိုင်ထားတဲ့ နေရာတွေမှာ နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာတွေ ဆက်လက်ရှိနေပြီးတော့ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကိုလည်း အာရက္ခတပ်တော် အနေ နဲ့ အကောင်းဆုံးခံစစ်တွေ နဲ့ အတူ တန်ပြန်ထိုးစစ်တွေကို ဟန်ချက်ညီညီဆင်နွှဲလျက်ရှိနေတယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here