Home သတင်း စစ်ရေး စစ်တွေမြို့ အနီးမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်တွေမြို့ အနီးမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲပြင်းထန်နေ

132
5

Coastal News Agency

အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေမြို့အနီးပတ်ဝန်း ကျင်မှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်လာနေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာနှစ်ဖက်လက်နက်ကြီး ၊ဒရုန်းတွေ နဲ့ အပြန်အလှန်တိုက် ခိုက်မှုတွေ နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရခိုင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အာရက္ခတပ်တော်က ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို စစ်ကော်မရှင်တပ်တွေဆီကနေ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် အနေ နဲ့ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက် ရရှိနိုင်ဖို့ စစ်တွေမြို့ အပါအဝင် ကျောက်ဖြူ နဲ့ မာန်အောင် မြို့နယ် ၃ ခုသာ ကျန်ရှိတော့တာပါ။

အဲဒီမြို့နယ် ၃ ခုထဲက စစ်တွေ နဲ့ ကျောက်ဖြူမြို့တွေမှာတော့ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာရှိပြီးတော့ ဒီမြို့တွေကိုလည်း အာရက္ခတပ်တော်က အပြီး သတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ရခိုင်ပြည်သူတွေ ကို အသိပေးပြောဆိုထားပါတယ်။

စစ်ကော်မရှင်ကလည်း လက်ရှိသူတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တဲ့ ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့တွေမှာ လာမယ့်ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ထည့်သွင်းကာရွေးကောက်ပွဲလုပ် ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားသလို ပါတီတွေ အနေ နဲ့လည်း မဲဆွယ် စည်းရုံး တာတွေ လုပ်ဆောင်နေတာလည်း ရှိနေပြီးဖြစ်ပါတယ်။

တဖက်မှာလည်း ဒီမြို့နယ် ၃ မြို့နယ်မှာ စစ်ကော်မရှင်အနေ နဲ့ ရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတာ ဖြစ်လာနိုင်ခြေမရှိသလို ရွေးကောက်ပွဲကာလ မတိုင် ခင်မှာ ဒီမြို့တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တယ်လို့ လည်း သုံးသပ်မှုတွေရှိနေပါတယ်။

အာရက္ခတပ်တော်ကလည်း လက်ရှိစစ်ကော်မရှင်က ကျင်းပမယ့် ရွေး ကော က်ပွဲကို အသိအမှတ်ပြုမှာမဟုတ်သလို သူတို့ထိန်းချုပ်နယ်မြေတွေမှာလည်း ရွေးကောက်ပွဲ ကို လုပ်ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here