Home သတင်း စစ်ရေး နတ်ရေကန်ဗျူဟာကုန်းက လက်နက်ချ အလင်းဝင်လာသူတွေကို ပြုစုစောင့်ရှောက်ထားတယ်လို့ အေအေ ပြောဆို

နတ်ရေကန်ဗျူဟာကုန်းက လက်နက်ချ အလင်းဝင်လာသူတွေကို ပြုစုစောင့်ရှောက်ထားတယ်လို့ အေအေ ပြောဆို

105
0
ပုံ - နတ်ရေကန်ဗျူဟာကုန်းအတွင်းက စစ်ကော်မရှင်တပ်သားများမြင်တွေ့ရမှု။

Coastal News Agency

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းတိုက်ပွဲ အတွင်းက လက်နက်ချအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စစ်သုံ့ပန်းဉပဒေ နဲ့ အညီပြုစုစောင့်ရှောက်ထားတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီစစ်ကော်မရှင်တပ်ရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကပင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။

လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ဖို့ အတွက် အနည်းငယ်သော လက်ကျန်နေရာ တချို့သာကျန်ရှိနေတော့တာဖြစ်ပြီးတော့ ကစဉ့်ကလျား ထွတ်ပြေးနေကြတဲ့ စစ်ကော် မရှင်တပ်သားတွေကိုလည်း လိုက်လံရှင်းလင်းနေတဲ့ အတွက် နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာ ရှိနေသေးတယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း စစ်ရေး အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်တွေဟာ သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေအပါအဝင် မြို့အချိုကို ပြန်လည်သိမ်းပိုက်ရယူဖို့ ကြိုးစားနေတာတွေ ရှိနေသလို နောက်ထပ်စခန်းတွေကိုလည်း လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ခံစစ်တွေကို နိုင်ငံအနှံ့မှာ ဆင်နွဲနေတာတွေရှိနေပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ဟာလည်း ရခိုင် – ပဲခူးတိုင်းအစပ်၊ ရခိုင် – မကွေးတိုင်းအစပ် နဲ့ ရခိုင် – ဧရာဝတီတိုင်း အစပ်တွေက နှစ်ဖက်ရင်ဆိုင်ထားတဲ့ နေရာတွေမှာ နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာတွေ ဆက် လက်ရှိနေပြီးတော့ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကိုလည်း အာရက္ခတပ်တော် အနေ နဲ့ အကောင်းဆုံးခံစစ်တွေ နဲ့ အတူ တန်ပြန်ထိုးစစ်တွေကို ဟန် ချက်ညီညီဆင်နွှဲလျက်ရှိနေတယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here