Home သတင်း စစ်ရေး စစ်ကော်မရှင်မှာ စစ်မှုထမ်းသင်တန်းကျောင်း ၂၇ ကျောင်းထိတိုးမြှင့်ဖွင့်ကာ သင်တန်းပေးမှု ရှိလာနေ

စစ်ကော်မရှင်မှာ စစ်မှုထမ်းသင်တန်းကျောင်း ၂၇ ကျောင်းထိတိုးမြှင့်ဖွင့်ကာ သင်တန်းပေးမှု ရှိလာနေ

138
0
ပုံ - စစ်ကော်မရှင်က စစ်သင်တန်းပေးနေမှု မြင်ကွင်း။

Coastal News Agency

စစ်ကော်မရှင်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးတော့ မတရားဖမ်းဆီးစုဆောင်းပြီးတော့ လူငယ်တွေကို သင်တန်းပေးနေတဲ့ စစ်သင်တန်းကျောင်း (၂၇) ခုထိ ရှိလာနေတယ်လို့ Myanmar Defense & Security Institute – MDSI က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ စစ်မှုထမ်းတပ်သားတွေ တိုးမြှင့်စုဆောင်းရရှိမှုအပေါ် မှာ မူတည်ပြီးတော့ အရံသင်တန်းကျောင်းတွေဖြစ်တဲ့ ခအက၊ တကအ နဲ့ ရလတ – ၅၇တို့ကို ထပ်တိုးဖွင့်လှစ်ပြီးတော့ လေ့ကျင့်သင်ကြားပေးလာနေတာလည်းဖြစ်တယ်လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် (၁၇) ထိကိုတော့ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၉ တပ်၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက) ၁၁ တပ်၊ အရာခံ နဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ) ၂ တပ်၊ တပ်မတော်ကွန်ပျူတာ နဲ့နည်းပညာသိပ္ပံ (တကန)၊ ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ခြေလျင်အကူလက်နက်ကြီးသင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာ နဲ့ အားကစားသိပ္ပံ(တကအ) နဲ့ အမှတ်(၅၇) ရေတပ်လေ့ကျင့်ရေးတပ် တွေမှာ လက်ခံလေ့ကျင့် သင်ကြားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။’

စစ်ကော်မရှင်တပ်တွေရဲ့ စိုးမိုးထိန်းချုပ်မှု အားကောင်းနေတဲ့ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း နဲ့ ပဲခူးတိုင်းက စစ်သင်တန်းကျောင်း (၁၅) ခုမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အ ပတ်စဉ်အများစုကို လက်ခံလေ့ကျင့်ပေးနေသည့် ပင်မသင်တန်းကျောင်းနေရာတွေလည်းဖြစ်ကြပါတယ်။ အဲဒီလိုဘဲ စစ်အခြေခံလေ့ကျင့်ရေးတပ်တွေဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင်၊ အခြေခံတပ်သားသစ်သင်တန်းတွေကိုလည်း လက်ခံဖွင့်လှစ် လေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာ ရှိတဲ့ စခတ(၂) နဲ့ တတ က(၁၃)၊ ရွှေဘိုအခြေစိုက် စခတ(၈)၊ ကလေးတပ်နယ် တတက(၁၃) တွေမှာလည်း လုံခြုံရေးအခြေအနေအရ သင်တန်း ပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲ ရပ်နားထားရတာကိုလည်း တွေ့ရတယ်လို့ ဆိုထားပါတယ်။

လက်ရှိ အောက်တိုဘာလ (၁၀) ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ်(၁၅) ကို လေ့ကျင့်သင်တန်းဆင်းပေးထားပြီးတော့ အပတ်စဉ်(၁၈) ကိုလည်း မကြာခင် ဖွင့်လှစ်နိုင်ဖို့ အတွက်ကို စစ်ကော်မရှင်က ပြင်ဆင်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ Myanmar Defense & Security Institute – MDSI ကဆိုထားပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ စစ်မှုထမ်းတပ်သားတွေကို လစဉ်သတ်မှတ်အရေအတွက် ကျော်လွန်ပြီးတော့ရရှိနိုင်အောင် နည်းလမ်းမျိုးစုံ နဲ့ ဖမ်းဆီးစုဆောင်းနေတာတွေရှိနေသလို တဖက်မှာလည်း အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက်ကို အခုလို စစ်သင်တန်းကျောင်းတွေ ထပ်တိုးပြင်ဆင်ကာ ဖွင့်လှစ်လာတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here