Home နိုင်ငံရေး စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲထည့်ခြင်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တယ်လို့ ဒေါက်တာအေးမောင်ပြော

စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲထည့်ခြင်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တယ်လို့ ဒေါက်တာအေးမောင်ပြော

120
0

Coastal News Agency

မြန်မာနိုင်ငံ ရဲ့ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးလောက် ပြည်သူတွေ ခံစားခဲ့ရတဲ့ စစ်ကြောင့်ဖြစ်တဲ့ ဆိုးမွေတွေ ၊စစ်ကြောင့်ဖြစ်တဲ့ အနိဋ္ဌာရုံတွေ နဲ့ အိုးပျက်အိမ်ပျက်စီးမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အတွက် လက်ရှိ စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ အနေ နဲ့ မဲထည့်ဖို့ လိုအပ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ(AFP ) ဥက္ကဌ ဒေါက်တာအေးမောင်က မီဒီယာတွေကနေတဆင့် ပြောဆိုလိုက်ပါတယ်။

“မဲထည့်သင့်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ မဲမထည့်လည်းနေထိုင်ခွင့်ရှိတာပေါ့ဗျာ။ဒါပေမယ့် မဲထည့်ခြင်းအားဖြင့် ငြိမ်းချမ်းစွာ မြန်မာနိုင်ငံရေးကို ဖြေရှင်းနိုင်တယ်။စစ်ကြောင့်ဖြစ်တဲ့ ဆိုးမွေတွေ ၊စစ်ကြောင့်ဖြစ်တဲ့ အနိဋ္ဌာရုံ အိုးပျက်အိမ် ပျက်တွေကို ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးလောက် ကျေးလက်ဒေသတွေ တိုင်းရင်းသားဒေသတွေဆိုရင် ပိုသိသာပါတယ်။အကုန်လုံး စစ်ရှောင်ဒုက္ခသည်တွေ သဘာဝဘေး လူလုပ်ဘေးတွေ ကြားထဲမှာ တော်တော်လေး ဆိုကျိုးသံသယာကြားထဲမှာ နေရတဲ့ အခါကျတော့ ဒီဟာနဲ့ ပတ်သက်လို့ ရပ်ချိန်တန်ပြီဆိုတဲ့သဘော လူထုကြားထဲမှာလည်းအဖြေရနိုင်ပါတယ်။အဲဒီလိုရဖို့ အတွက် ဒီမိုကရေစီကျင့်စဉ်အရသွားရမယ် ရွေးကောက်ပွဲသည် ငြိမ်းချမ်းစွာ နိုင်ငံရေးအားဖြင့် အဖြေထုတ်ခြင်း ဖြစ်တဲ့ အခါမှာ ကျနော်တို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ကိုယ်လိုချင်တဲ့ နည်းနဲ့ သွားသင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်”လို့ ရခိုင့်ဦးဆောင်ပါတီ(AFP ) ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူတွေ အနေ နဲ့ လက်ရှိ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မိမိရဲ့ ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကိုယ့်ကိုယ်စား ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုတွေကို ရွေးပြီးမဲပေးကာ မြန်မာနိုင်ငံရေးကိုတည်ဆောက်ဖို့ လိုအပ်တယ်လို့ သူက ပြည်သူတွေကို တိုက်တွန်းပြောဆိုထားပါသေးတယ်။

စစ်ကော်မရှင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မဲမသမာမှုပြုလုပ်တယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသော NLD ပါတီဝင်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် မှာ ပြည်သူတွေ အနေ နဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးတော့ အဲဒီလို ငြိမ်ချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကော်မရှင်က အကြမ်းဖက်ဖြိုခွင်းတာ နဲ့ သတ်ဖြတ် ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အာဏာသိမ်းမှုကိုလက်မခံတဲ့ လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်တွေကို ရွေးချယ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရဲ့ အကူအညီတွေ နဲ့ စစ်ကော်မရှင်တပ်တွေကို လက်နက်ကိုင် တော်လှန်မှုတွေ လုပ်ဆောင်ခဲ့ကြပြီးတော့ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်တွေဟာ မြန်မာနိုင်ငံ အတွင်းက မြို့ပေါင်း များစွာကိုလည်း လက်လွတ်ထားရပြီလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here