အာရက္ခတပ်တော်ဟာ စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ်သိမ်း ပိုက်နိုင်ဖို့အတွက် အနည်းငယ်သော လက်ကျန်နေရာ တချို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ အတူ ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်တချို့နဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
မနေ့က အောက်တိုဘာလ (၁၇) ရက်နေ့မှာတော့ အချိုနေရာတွေက စစ်ကော် မရှင် တပ်ဖွဲဝင်တချို့ဟာ အာရက္ခတပ်တော်ဆီမှာ အလံဖြူထောင် လက်နက် ချ အလင်းဝင်ရောက်တာတွေ ရှိနေသလို တိုက်ပွဲအတွင်းမှာလည်းလက်ရဖမ်းဆီးခဲ့တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ပွဲတိုင်းမှာအမြဲတမ်းရှုးနိမ့်နေတဲ့ စစ်ကော် မရှင်တပ်ဟာ ဒီဗျူဟာကုန်းမကျရှုံးရေးအတွက်ကို လေကြောင်းပစ်ကူ ၊ စစ်ကူများအဆက်မပြတ်ပေးနေတဲ့ကြားကနေ အာရက္ခစစ်သည်တော်များကအကောင်းဆုံး တုံပြန်ခံစစ်တွေ နဲ့ အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေတယ်လို့ ဆိုထားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ရဲ့ မတရားသဖြင့် စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့သူတွေ အနေ နဲ့ အာရက္ခတပ်တော် နဲ့ အနီးဆုံးနေရာတွေကို ဆက်သွယ်ပြီးတော့ အချိန်မရွေးလက်နက်ချအလင်းဝင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
အဲဒီလို အာရက္ခတပ်တော် ဆီမှယ လက်နက်ချအလင်းဝင်တဲ့ သူတွေကိုလည်း အာရက္ခတပ်တော်ကစစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။




