Home နိုင်ငံရေး ပြည်ထောင်စုကခွဲထွက်ရင် ရခိုင်လူမျိုး နဲ့ ရခိုင်ပြည်နယ်ကို ပြတိုက်မှာကြည့်ရမယ်လို့ ဦးဇော်အေးမောင်ပြော

ပြည်ထောင်စုကခွဲထွက်ရင် ရခိုင်လူမျိုး နဲ့ ရခိုင်ပြည်နယ်ကို ပြတိုက်မှာကြည့်ရမယ်လို့ ဦးဇော်အေးမောင်ပြော

77
17

Coastal News Agency

ရခိုင်တွေ အနေ နဲ့ လက်ရှိမြန်မာနိုင်ငံ ရဲ့ ပြည်ထောင်စုက ခွဲထွက်မယ်ဆိုရင် ရခိုင်လူမျိုး နဲ့ ရခိုင်ပြည်နယ်ကို ပြတိုက်မှာသာကြည့်ရမယ့် အနေအထားကို ရောက်သွားမှာ ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား ၈ မျိုးလက်တွဲပြီးတော့ အတူနေထိုင်မှာ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်နိုင်မှာ ဖြစ်ပြီးတော့ ဒီပြည်ထောင်စုထဲက ခွဲထွက်ခဲ့ရင် အိမ်နီးချင်းတွေရဲ့ ဝါးမြိုခြင်းကို ခံရပြီးတော့ ပြတိုက်မှာ ကြည့်ရမယ့် အခြေအနေကို ရောက်သွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သတင်းမီဒီယာတွေကို ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

“ဒီပြည်ထောင်စုက ခွဲထွက်ရင် ပြတိုက်မှာကြည့်ရမယ် ကျနော်ပြောတာမယုံမရှိနဲ့ ပျူဆိုတာ ဒီနေ့ပြလို့ မရတော့ဘူး ဘယ်မှာလဲ ပျူလူမျိုး ပြတိုက်မှာဘဲ ရှိတော့တယ်။အဲဒါကြောင့် ဒီတိုင်းရင်းသား ၈မျိုးလက်တွဲပြီးနေမှာ အမျိုးဘာသာ သာသနာတည်မြဲမှာ မဟုတ်ရင် အိမ်နီးချင်းတွေရဲ့ ဝါးမြိုတာကို ခံရမယ် ။ဥပမာအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်ကို ကြည့်လိုက်ပါဦး ရခိုင်ပြည်နယ် ပြည်ထောင်စုက ခွဲထွက်လို့ မရဘူး ခွဲထွက်တာ နဲ့ မကြာခင်မှာ ရခိုင်လူမျိုး နဲ့ ရခိုင်ပြည် နယ်ကို ပြတိုက်မှာကြည့်ရမယ်”လို့ သူကပြောပါတယ်။

ဒီပြောဆိုမှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်မှာ စစ်ကော်မရှင်က ကျင်းပပြုလုပ်ခဲ့တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားမှာ ဦးဇော်အေးမောင်က ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေ နဲ့ ပတ်သက်ပြီး သတင်းမီဒီယာက မေးမြန်းတဲ့ အပေါ်မှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ဦးဇော်အေးမောင်ဟာ ရခိုင်အမျိုးသားပါတီ- ANP ကထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင်လက်နက်ကိုင်တော်လှန်တာဟာ ပြည်သူတွေ အခက်အခဲကို ပိုမိုကျရောက်တာဖြစ်တဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေ နဲ့ လက်နက်ကို စွန့်ပြီးတော့အလင်းဝင်ကြဖို့ကိုလည် ဖိတ်ခေါ်တယ်လို့လည်း ဦးဇော်အေးမောင်က ဆိုထားပါသေးတယ်။

“နိုင်ငံတော်အာဏာကိုလိုချင်ရင် သေနတ်ကိုင်လို့ တော်လှန်လို့ အဆင်မပြေဘူး ပြည်သူဘဲ ဒုက္ခရောက်တာ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာကြည့်လိုက်ပြည်သူလူထုပဲ ဒုက္ခရောက်သွားတယ် ဘာမှဖြစ်မလာဘူး နှစ်ပေါင်း ၈၀ နားနီးလာပြီ တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်ပုန်ကန် တိုင်းရင်းသားပြည်နယ်ဖြစ်လာသလား နိုင်ငံဖြစ်လာသလား ဘာမှ မဖြစ်လာဘူး။ဘာဖြစ်သွားသလဲ မွေးတယ်၊ဆင်းရင်းတယ်၊ပညာမတတ်ဖြစ်သွားတယ် ပညာမတတ်လို့ ဆင်းရဲတယ် ဆင်းရဲလို့ ပညာမတတ် ၊ပညာမတတ်လို့ ဒုက္ခရောက် အဲဒီလို မုန့်လုံးစက္ကူကပ်နေတယ် အဲဒါတွေကို ရပ်ဖို့ ကောင်းပြီ”လို့ သူကဆိုထားပါတယ်။

ဒါ့အပြင်လက်ရှိ စစ်ကော်မရှင်ကကျင်းပတဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားဟာ NCA ကို ပြန်လည်အသက်သွင်းလိုက်တာ ဖြစ်ပြီးတော့ မကြာခင်မှာလည်း စစ်ကော်မရှင်က EAO တွေကို ဖိတ်ခေါ်ထားတာတွေ ရှိပြီးတော့ နိုင်ငံတော် နဲ့ လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းထားပါသေးတယ်။

ရခိုင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ကြတာဖြစ်ပြီးတော့ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခု ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး အတွက် အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

17 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here